Part(4)

6.1K 400 7
                                    

Zawgyi

တခါတလေလည်း ကံကြမ္မာကလူတစ်ယောက်
မခံမရပ်နိုင်အောင်အထိ လဲကျပြီးပြန်မထနိုင်
အောင်အထိ ရက်စက်တတ်ပါသေးတယ်။ ဒါပေမဲ့
လည်း ထိုအခက်အခဲတွေအားလုံးကို ဖြတ်ကျော်
နိုင်သူတွေရှိနေပါသေးတယ်။ ဒီအခက်အခဲတွေရပ်
တန့်သွားချိန်မှာကော သူတို့ဘဝလေးတွေလှပလာ
ပြီလား။ ရပ်တန့်ဖို့ကရော ဘယ်လောက်တောင်
ကြာမြင့်အုန်းမှာလဲ။

ဝေရင်းနေ့တစ်ပိုင်းအလုပ်ပြီးတော့ ညဘက်ဘား
ဆိုင်သို့ အလုပ်ဆင်းရန်လာခဲ့သည်။ Waiterယူနီ
ဖောင်းလဲနေချိန် သူနဲ့အသိတစ်ယောက်သူ့အနား
ရောက်ရှိလာသည်။

“ဟာ! ဝေရင်း ဘယ်လိုလဲကွ မင်းစာမေးပွဲကော အဆင်ပြေရဲ့လား”
“ပြေပါတယ် အကိုရန် ”
“အွန်းဒါနဲ့မင်း ဒီနှစ်ကအထက်တန်းနောက်ဆုံးနှစ်
မဟုတ်လား ဝေရင်းမကြာခင် တက္ကသိုလ်ကျောင်း
သားကြီးဖြစ်တော့မှာပဲ”
“ဒါကအခြေအနေအရပါ ကျနော်တတ်ဖြစ်ပါ့မလား
တောင်မသိသေးဘူး ”
“မတတ်နိုင်စရာဘာရှိလဲ မင်းအကူအညီလိုရင် အကို့ကိုပြော မင်းကအကို့ညီလေးလိုပဲလေ အား
နာမနေနဲ့”
“ဟုတ်ပါရဲ့ ရန်ရာ ဝေရင်းလေးကြိုးစားထား”
“ကျေးဇူးပါအကိုရန်နဲ့ အကိုရှဲ့”

နောင်ထပ်အကိုတစ်ယောက်ပါ ဝင်လာပြီး သူ့ကို
အားပေးလေရဲ့။ ဝေရင်းကတော့ အပြုံးလေးတစ်ခု
သာပေးပြီး တာဝန်ကျရာထမ်းဆောင်ဖို့သာ ထွက်
လာခဲ့လိုက်တော့တယ်။

ညအချိန်တဖြည်းဖြည်းရောက်လာမို့ ဘားထဲတ
ဖြည်းဖြည်းလူစုံလာတော့သည်။ ဝေရင်းတို့လည်း
ကို့အလုပ်နဲ့ကို အနားမနေရတော့ပေ။ ဝေရင်း
အမှိုက်လွှတ်ပစ်ဖို့ အနောက်ဖက်ဝင်လာတော့
ကြားလိုက်တဲ့ အသံတစ်ခုကြောင့်လသူနားစွင့်မိ
သည်။

“ဟာ့!  ခင်များတို့ဘာလုပ်တာလဲ! လွှတ်စမ်း! ကျနော့်ကိုထိလို့ကတော့ ခင်များတို့မနက်ဖြန် နေမမြင်စေရဘူး”
“ဒီကောင်လေးက စွာတေးလေးပဲ မဆိုးဘူးနော်”
“ဟုတ်ပါ့ကွာ”

ဝေရင်းသေချာကြည့်မိတော့ ကောင်းလေးတစ်
ယောက်ကို လူသုံးယောက်ဝိုင်းအနိုင်ကျင့်နေခြင်း
ပင်။ ဒါမျိုးတော့ သူဝင်ပါလိုက်အုန်းမယ်။ ကောင်
လေးကြည့်ရတာ အတော်ငယ်သေးတယ်။ အသက်
တောင်ပြည့်ရဲ့လား ဘယ်လိုလုပ်ဒီနေရာကို ရောက်
နေတာလဲ။

Stop  S-1(Completed)Where stories live. Discover now