Part(28)

4.6K 349 14
                                    

Zawgyi

5နှစ်ကြာပြီးနောက်..........

ဘာလိုလိုနဲ့5နှစ်တောင်ရှိသွားပြီ။ ပုန်းနိုင်သူကအ
ပုန်းကောင်းလိုက်တာ။ ဘေးနာမှာရှိတဲ့ အရက်တစ်
ခွက်ကိုယူပြီး မော့ချလိုက်မိတယ်။ လည်ချောင်း
တလျှောက်ပူသွားခဲ့ပေမဲ့လို့ ထိုအပူသည်သူ့နှလုံး
သားထဲက အပူထက်ဘယ်လိုယှဉ်နိုင်မှာလဲ?

ငါသိပ်မှားခဲ့တယ်။ အမှားတွေသိခဲ့လို့ အမှန်ပြန်ပြင်
ဖို့လုပ်ချိန်မှာ အားလုံးနောက်ကျသွားခဲ့တယ်။ တ
သင်တာရှိနေမယ်လို့ယုံကြည်ရတဲ့သူဟာ ပျောက်
ကွယ်သွားခဲ့တယ်

“မင်းငါ့ကိုပစ်ထားရက်တာပဲ”

ထိုစကားအနောက်မှာကျဆင်းလာတဲ့မျက်ရည်
တွေ။ 5နှစ်ရှိခဲ့ပြီထိုမျက်ရည်တွေနဲ့နေသားကျတာ
5နှစ်ရှိခဲ့ပြီး အရက်တွေနဲ့အဖော်ပြုခဲ့တာ။ 5နှစ်ရှိ
ခဲ့ပြီ တကိုယ်တည်းရူးနေခဲ့တာ။ 5နှစ်ရှိခဲ့ပြီ မင်း
ကိုစောင့်နေခဲ့တာ။

“ဝမ်ကျီ”

တံခါးဖွင့်သံတစ်ခုနှင့်အတူ သူ့အနားရောက်လာ
တဲ့သူ့အကိုလန်ရှိချန်း။ သူထိုင်နေတဲ့နေရာရဲ့
အရှေ့တည့်တည့်မှာလာထိုင်နေတဲ့သူ။ အကို့မျက်
လုံးတွေထဲမှာ သူ့အတွက်ဝမ်းနည်းရိပ်တွေ။

“မင်းဒီတိုင်းပဲနေတော့မှာလား ဝမ်ကျီ”

“ကျနော်ဘယ်လိုနေရမှာလဲအကို ကျနော်သူ့ကို
အရမ်းလွမ်းတယ်”

ကလေးတယောက်လိုစတင်ငိုလာတဲ့သူညီငယ်
လေးကို သူ့ရင်ခွင်ထက်မှာငိုစေတယ်။ သူ့ညီလေး
အခုလိုခံစားနေရတာတွေအတွက် ထွက်သွားသူ
ကိုအပြစ်မတင်ရက်ပါ။ သူမှာလည်းဝမ်ကျီထက်မ
လျော့သောနာကျင်မှုတွေနဲ့မလား?

ကျနော်သူ့ကိုချစ်နေခဲ့တယ်။ သူ့ကိုမုန်းနေရင်းနဲ့
ကို ကျနော်ချစ်မိသွားခဲ့တယ်။ ထိုအချစ်တွေထုတ်
ဖော်ပြမဲ့နေ့မှာပဲ သူကထွက်သွားခဲ့တယ်။ ဟိုးအဝေးဆုံးဆီကို။

အဲ့နေ့ကဝမ်နင်ကသူ့ကိုထိုးပြီးထွက်ခွာသွားတဲ့အချိန် သူကြမ်းပြင်မှာဒူးထောက်လျက်သား ငိုင်နေခဲ့
တယ်။ သူရှင်းပြဖို့အသိဝင်လာချိန်မှာ မျှော်လင့်ထားသူဟာ ထွက်ခွာသွားပြီ။

Stop  S-1(Completed)Where stories live. Discover now