Part(15)

4.1K 324 12
                                    

Zawgyi

စကားအသုံးအနှုန်းရိုင်းဆိုင်းသွားရင်ခွင့်လွှတ်ပါ
လိုအပ်မှုအရထည့်ထားတာပါ ထိခိုက်လိုစိတ်
အလျင်းမရှိပါ

🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾

“လန်...ဝမ်....လွှတ်...လွှတ်ပေးပါ....”

“မင်း!! ....မင်း!! အဲ့ငွေလေးအတွက်နဲ့ ငါ့ကိုလက်
ထပ်တယ်ပေါ့လေ ဟုတ်လား!!!!”

လန်ကျန်ရဲ့အမေးတို့ကြောင့် ဝေရင်းလန့်သွားမိ
တယ်။ သူသိသွားပြီလား? မဟုတ်ဘူးလေ အဖွား
ပြောတုန်းက သူတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပါ
ဆို ဒါကဘယ်လိုတွေ.......

“အာ့.....လန်ကျန်!!!!”

“ပြောလေ ဖြေစမ်း!!! မင်းအဲ့လိုလုပ်ခဲ့တာလားလို့ ပြောလေ.....ပြော.....!!!!!”
“လန်....ကျန် လွှတ်ပေးပါ...အာ့ အသက်...ရှုကျပ်... ”
“မင်း.....မင်းကွာ!!!! အား!!!!!!”

လန်ကျန်ဒေါသတကြီးနဲ့ နံရံကိုပိတ်ထိုးမိလိုက်
တယ်။ သူ့စိတ်နဲ့ဆိုဒီကောင်လေး အသက်ထွက်
သွားလိမ့်မယ်။ ဘာလို့လဲ? ဘာလို့သူ့မှလဲ?
ဒီငွေအတွက်နဲ့တဲ့ကွာ! ငါမင်းကိုလေးစားခဲ့တယ်
အခုတော့ မင်းကိုသိပ်စိတ်ပျက်သွားပြီ ဝေရင်း!

“တောင်း.....တောင်းပန်ပါတယ် ကျနော်... ကျနော်
မတတ်သာလို့ပါ ”
“မင်းပါးစပ်ကိုပိတ်ထား!!!!”
“မင်းမို့လို့ကွာ မင်းအဲ့လောက်ထိငွေမက် ရလား။ဟန်! အဲ့လောက်ထိငွေကြိုက်တယ်ပေါ့ ဟုတ်လား”
“မဟုတ်ဘူး! အဲ့လိုမဟုတ်ဘူး!”
“မင်းငွေကြိုက်လွန်းလို့ မင်းကိုယ်မင်းရောင်းစား
လိုက်တာမဟုတ်လား မင်းလန်အိမ်တော်က အမွေ
တွေမက်နေတာပေါ့လေ ဟာ့!”

“မဟုတ်ဘူး! အဲ့လိုမဟုတ်ဘူး!”

“တော်ပါတော့ကွာ မင်းအမှန်ကိုဝန်ခံလိုက်စမ်းပါ ငါကတော့မင်းကိုရိုးသားလိုက်တာပေါ့ ဟက် အထင်ကြီးမိတဲ့ငါ့အမှားပဲ”

“ခင်များဘာတွေပြောနေတာလဲ? ”

“ဘာလဲမင်းမသိတော့ဘူးလား?”

လဲကျနေတဲ့ဝေရင်းအနားကို ပြန်ကပ်လာတဲ့ထိုလူ။
ဝေရင်းရဲ့လည်တိုင်တွေကို ထပ်ဆုပ်ကိုင်ထား
တယ်။ ဝေရင်းကြောက်တယ် သူ့မျက်လုံးတွေကို
ဝေရင်းကြောက်တယ်။

Stop  S-1(Completed)Where stories live. Discover now