Part(12)

4K 329 10
                                    

Zawgyi

လန်ကျန်လည်းအတွေးပေါင်းစုံတို့နဲာအတူ အိမ်ကို
ပြန်လာခဲ့လိုက်တယ်။ သူအတွေးတို့မဆုံးခင်မှာ
ပဲ သူ့အိမ်ရှေ့မှာစုနေတဲ့လူတွေ။ ဘာတွေဖြစ်
ပြန်ပြီလဲ?

သူယောင်တောင်တောင်နဲ့အဝေးကလှမ်းကြည့်နေ
တုန်း ဖုန်းတစ်ခုဝင်လာခဲ့တယ်။ ဒါသူအဖေ့ခေါ်နေ
တာ တခုခုတော့မကောင်းတာ ဖြစ်နေပြီထင်တယ်

“ဟုတ်ကဲ့အဖေ”
“အိမ်ရှေ့ကဝင်မလာနဲ့ အနောက်ကပတ်ဝင်လာ
ခဲ့ သတင်းထောက်တွေရောက်နေတယ်”
“ဟုတ်ကဲ့အဖေ”

လန်ကျန်လည်းအိမ်အနောက်ကနေအမြန်ပတ်ဝင်
လာလိုက်တယ်။ ဘာတွေထပ်ဖြစ်အုန်းမှာလဲ?.....

“အဖေ”
“မင်းရောက်တာနဲ့အတော်ပဲ အခုမင်းနဲ့ဟိုကောင်
လေးအကြောင်းတွေပိုပြန့်နေတယ် ဘယ်လိုမှ
ထိန်းမရဘူး မင်းအရင်ရက်ကအဲ့ကောင်လေး သွား
တွေ့သေးတယ်မဟုတ်လား?”

“အဲ့တုန်းကရှင်းလည်းပါတယ်လေ”

“အခုထွက်လာတဲ့ပုံတွေမှာတော့ မင်းတို့နှစ်
ယောက်ပုံတွေပဲပါလာတယ် ရှင်းပုံတပုံတလေ
တောင်မပါဘူး”

“ဒါဘယ်လိုဖြစ်ရတာလဲ အဲ့လို့ဖစ်မှာဆိုးလို့ ရှင်းကို
တောင်ခေါ်သွားခဲ့တာ အခုတော့........”

“နောက်ကွယ်မှာတယောက်ယောက်ရှိနေပြီပဲ”

“တောက်!! ကွာ!......”

လန်ကျန်ဒေါသထွက်လာတာနဲ့ တောက်တချက်
ခေါက်လိုက်တယ်။ ဒါဘယ်သူလုပ်ရဲတာလဲ?
ဘယ်သူ့လက်ချက်လဲ!

ဝေရင်းဘဝနေ့ရက်တွေက အရင်လိုပါပဲ တခါတလေပင်ပန်းတာကလွဲလို့ပေါ့။ ဒီနေ့တော့ အလုပ်စောစောနားတာမို့ သူအိမ်စောစောပြန်လာ
ခဲ့တယ်။

အိမ်ထဲဝင်တာနဲ့ဧည့်ခန်းမှာ မိက်ရည်မျက်ခွက်ဖြစ်
နေတဲ့ သု့မိထွေးနဲ့ တစ်စုံတစ်ခုကြောက်လန့်နေပုံ
ပေါ်တဲ့သူ့အကို။

“ဘာဖြစ်တာလဲ အမေနဲ့အကို”
“ဝေရင်းသားလေးပြန်လာပြီလား”

သူ့မိထွေးကတခါမှမခေါ်ဘူးတဲ့ သားဆိုတဲ့စကား
လုံးကိုသုံးနေပါလား? တစ်ခုခုများထပ်ဖြစ်နေပြန်
တာလား? ဝေရင်းတော့မျက်ခုံးခပ်လှုပ်လှုပ်ပင်!

Stop  S-1(Completed)Where stories live. Discover now