Part(16)

4.1K 359 9
                                    

Zawgyi

ဝေရင်းနေ့ရက်တို့ကစိတ်ဆင်းရဲနေရတယ်။ ဒါပေမဲ့
ဝေရင်းထိုသူ့ကိုအပြစ်မတင်ရက်ပါ။ သူနဲ့လက်ထပ်
လိုက်မိတာက ဝေရင်းအပြစ်မကင်းသလိုခံစားနေရ
တယ် အဲ့အတွက်သူ့စိတ်တိုင်းကျ ဝေရင်းပေး
ဆပ်ပေးမယ်။ မင်းအပေါ်မှားခဲ့မိတာတွေအတွက်ပါ
လန်ကျန်။

ခုလည်းမနက်စောစောလန်ကျန်အလုပ်မသွားခင်
သူပြင်စရာရှိတာလေးပြင်ပေးရအုန်းမယ်။ လန်ကျန်
ကဝေရင်းကို အပြင်မထွက်ခိုင်းပေ။ ဝေရင်းမှာအလုပ်လေးတွေလည်းမလုပ်ရ တနေ့
လုံးအိမ်ထဲမှာသာနေရသည်။

ကုတင်ပေါ်မှာနှစ်ခြိုက်စွာအိပ်နေတဲ့လန်ကျန်ကို
သူကြည့်လိုက်သည်။ သူအိပ်နေတဲ့ချိန်ဆို ဝေရင်း
အရမ်းပျော်တယ်။ ဝေရင်းကိုပျက်ရယ်ပြုတဲ့စကား
တွေသူမပြောဘူးလေ

ဝေရင်းကိုသူဘယ်လောက်ပြောပြောဝေရင်းကခံ
နိုင်ရည်ရှိပြီးသားပါ။ အဲ့လိုလိုက်ပြောနေတဲ့သူက
ရောမမောဘူးလားမသိဘူး။ တနေ့တနေ့သူ့ကို
ရွဲ့စောင်းနေရမှ သဘောကျတဲ့လန်ကျန် သူမ
ပင်ပန်းဘူးလား။

ဝေရင်းကတော့သူ့ကိုကြည့်နေရင်း စိတ်ပင်ပန်းရ
တယ်။ မနက်မျက်လုံးဖွင့်တာနဲ့ သူ့ကိုမတွေ့ချင်
ဘူးဆိုတဲ့သူကြောင့် အခန်းအပြင်ကိုစောစော
ထွက်လာခဲ့လိုက်တယ်။ သူမနက်ခင်လေး စိတ်မ
ကြည်ဖြစ်မှာဆိုးလို့ပါ။

ဝေရင်းအောက်ထပ်ရောက်တာနဲ့ လည်ပတ်တဲ့နေ
ရာကတော့ မီးဖိုခန်းပါပဲ။ မီးဖိုခန်းမှာပဲသူအချိန်
တွေကုန်ဆုံးလိုက်တော့မယ်။ ခဏနေတော့ လန်
ကတော်လည်း မီးဖိုခန်းကိုရောက်လာခဲ့တယ်။

“အာ..ဝေရင်းလေးအချိန်မှန်ပါလား”
“ဟုတ်ကဲ့မေမေ ”

လန်ကတော်ကပထမအစကတော့ သူ့ကိုသိပ်သ
ဘောမကျပါ။ ဟုတ်သည်လေ ဝေရင်းကသူ့အချစ်
ဆုံးသားလေးကို အတင်းယူလိုက်သလိုဖြစ်သွား
တာထက် သူမယောက်ကျားခြင်းလက်ထပ်တာ
ကို သိပ်သဘောမကျတာဖြစ်နိုင်ပါတယ်။

အနေကြာလာတော့ဝေရင်းကဒီတစ်အိမ်လုံးနဲ့ရင်း
နှီးလာပါတယ်။ လန်ကတော်နဲ့လန်သခင်ကြီးအပြင်
လန်ညီအစ်ကို2ယောက်နဲ့ပါ သူအတော်အတန်
ရင်းနှီးနေပြီ မိသားစုဝင်တယောက်လိုပင်ဖြစ်နေပြီ။
ဒါပေမဲ့ လန်ကျန်နဲ့တော့မဟုတ်။  လန်ကျန်ကတော့
ကျနော့်ကိုအမုန်းကြီးမုန်းနေတော့တာပဲ။ သူမမောဘူးလား။
သူအမုန်းတွေဒေါသတွေကျနော့်ပေါ် ပုံချရမှသူ
စိတ်ချမ်းသာမယ်ဆိုလည်း လုက်ပါစေ။ ကျနော်
ကပေးဆပ်ပေးဖို့အသင့်ပါ။ ဒါတွေကခင်များအ
ပေါ် အားနာမိတာတွေအတွက်ပါ........

Stop  S-1(Completed)Where stories live. Discover now