Parallel [ part 18 ]

294 41 17
                                    

Unicode

" သူတို့ရောက်လာကြပါပြီ သခင်။ "

‌လက်အောက်ခံတစ်ယောက်၏ လျှောက်တင်မှုကို
ကြားကြားချင်း လင်းရှ အရင်ဆုံး ပြုံးလိုက်သည်။
ဒါပေမဲ့ အဲ့အပြုံးက မြင်လို့ရတယ့်သူတွေအတွက်တော့ ကျောရိုးထဲထိ စိမ့်တက်သွားစေနိုင်သည်။
ဘေးနားမှာ လင်ရှားနှင့်အတူတူ
ကျားဆော့နေသည့် ကောင်လေးက
လက်အောက်ခံကို ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။
လက်အောက်ခံထွက်သွားမှ
ထို သားမွှေးခြုံထားသည့် ကောင်လေးက

" သခင်ကြီး..!!!!!! "

" ကျို့အာ...
  ငါကို အပြင်တွဲသွားပေးပါ။ "

သခင်ကြီးလို့ အခေါ်ခံလိုက်ရတယ့် လင်းရှက သူ့လက်ကိုကမ်းပေးလိုက်ပြီး
သူ့ဘေးကကောင်လေးကို
အပြင်ခေါ်သွားဖို့ ပြောလိုက်သည်။
လင်ရှား၏ မျက်လုံးနေရာမှာ
အ၀တ်အဖြူတစ်စကို စည်းနှောင်ထားတာ‌မို့
သခင်ကြီးက မျက်စိမမြင်နိုင်တယ့် လူတစ်ယောက်မှန်းသိလိုက်သည်။
ကျို့အာသည် လင်းရှကို ဂရုတစိုက်ဖြင့်
အပြင်ကို တွဲသွားသည်။

တောင်ထိပ်မှာမို့
လေတွေ‌က တစ်ဖြူးဖြူးတိုက်နေပြီး သူတို့‌တွေ၏‌ဆံပင်တွေတောင် လေထဲ လွင့်နေသည်။
ကျို့အာလက်ကို ကိုင်ထားရင်း

" ကျို့အာ....!!!!!
  နောက်ဆုံးတော့...
  ငါအနှစ်နှစ်အလလစီစဉ်ထားတယ့်အရာ....
  စတင်လာတော့မယ်‌..... ။ "

သူတို့နှစ်ယောက်သည်
လုံလီမြို့ကို စီးမြင်နိုင်သည့် လုံလီတောင်က ဂူတစ်ခုထဲမှာဖြစ်သည်။
လုံလီမြို့လို့ ခေါ်ရခြင်းမှာ လုံလီတောင်ခြေ၌ ရှိသည့်အတွက်ဖြစ်သည်။
လင်းရှ၏ ကျီးကန်းတွေက
သူတို့သခင်စိတ်ပျော်ရွှင်မှုကြောင့်လား
မကြာခင်စတင်လာမယ့် သတ်ဖြတ်ပွဲကို ခံစားမိလို့လား
သူတို့အနား၌ တအအဖြင့် ပတ်ပျံနေသည်။

ထိုကျီးကန်းတွေက
လင်းရှသည် နန်းလုပွဲ၌
သူ့မျက်လုံးတွေ ဆုံးရှုံးခဲ့ပြီးကတည်းက
သူ၏ မျက်လုံးတွေဖြစ်လာခဲ့သည်။
ကျီကန်းတွေ ‌သိသည့်အရာတိုင်း သူသိသည်။
ကျီးကန်းတွေ အများကြီးရှိတယ့် နေရာ သူရှိသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now