Parallel ( Part 13 )

433 52 6
                                    

Unicode

တောင်အတက်အဆင်းလုပ်နေချိန်
ချန်ဖေးယွီက အရင်ပျောက်သွားပြီး ‌
ရှောင်ယန်ကလည်း ရုတ်တရက်ကြီး ဘယ်နေရာကိုလဲမသိ ပြေးထွက်သွားပြန်သည်။
အမြန်ပြေးသွားတောင် မမေ့မလျော့ဘဲ လေ့ကျင့်မှုကို ကျန်သည့် သုံးယောက်အား ဆက်လုပ်ခိုင်းသွားသည်။
သူ အချောင်ခိုမည်ကို ကြိုသိနေသိအလား
ဟွာဝူချွဲကိုတောင် အပ်သွားသေးသည်။

ဖုန်ထင်းရီတို့ တောင်ပေါ်ပြန်တက်လာချိန်၌
ချန်ဖေးယွီက အဆောင်ရှေ့မှာ ခေါက်တုံခေါက်ပြန်လမ်းလျှောက်နေပြီး
အတွင်းထဲသို့လည်း ‌စိတ်ပူနေသည့်ပုံဖြင့် ခဏခဏကြည့်နေသည့်။
ခဏအကြာ ရှောင်ယန်သည် ဘာစကားမှမပြောဘဲ
အဆောင်ထဲကနေ တောင်အောက်ကို အလျင်အမြန် ပြေးဆင်းသွားသည်။

ထူးဆန်းလှသည့် အခြေအနေထဲမှာ အူကြောင်ကြောင်သုံးယောက်ကတော့
ဂနာမငြိမ်သည့် ချန်ဖေးယွီအနားသွားပြီး ဘာတွေဖြစ်ပျက်နေသည်ကို မေးမြန်းကြသည်။

" ဘာဖြစ်နေတာလဲ?? "

ချန်ဖေးယွီသည် စိတ်မရှည့်သဘောဖြင့်
လက်သည်းတွေကို ကိုက်နေရာမှ

" လော်ယွင်ရှီးလေ..စော..စောက..လဲကျသွားတာ။
   အခုထိ.... ပြန်မနိုးလာသေးဘူး။ "

ထိုစကားကို ပြောပြီး တစ်ဖန် အထဲကို အရိပ်လေးမြင်နိုးနိုးဖြင့် ထပ်မံ ချောင်းကြည့်မိသည်။
လော်ယွင်ရှီး၏ အတွင်းအားပုံစံက
မူမမှန်သည်ကို သိသော်လည်း
ဤမျှလောက် ပြင်းထန်သွားလောက်မည်ဟု မထင်ထားခဲ့ပါ။
ဤသည်က သူ့အမှားပင်။
လော်ယွင်ရှီးနှင့် နီးနီးကပ်ကပ်နေချင်သည်နှင့်
ထိုချီဓာတ်ပြသနာကို လျစ်လျူရူခဲ့သည်။
အခုတော့ သူကြောင့် လော်ယွင်ရှီးဘဲ ဒုက္ခရောက်ရသည်။

တရားကျင့်နေရာမှ ရုတ်တရက်ကြီး
အကြင်သူ၏ ပါးစပ်ကနေ
သွေးတွေ စီးကျလာပြီး လဲကျသွားသည်။
ထိုမြင်ကွင်းသည် ချန်ဖေးယွီအတွက် သူ၏ နှလုံးသားကို အရှင် လတ်လတ်ထုတ်ယူသည့်ထက် ခံစားရခက်သည်။
‌ပွေ့ချီဖို့ပြင်တော့ ရှောင်ယန်သည်
သူတို့အနားကို ရုတ်တရက်ရောက်လာသည်။
အဲလိုနှင့် သတိမေ့နေသည့် လော်ယွင်ရှီးကို
ရှောင်ယန်ကပင် ချီပြီး အမြန်ပြန်လာခဲ့သည်။
ပြန်သည့် လမ်းတစ်လျှောက်လုံး၌
ရှောင်ယန်ရင်ခွင်ထဲက လော်ယွင်ရှီးသည် သတိမရလာခဲ့။
သူသတိပြန်၀င်လာချိန်၌ အဆောင်ကိုပင် ပြန်ရောက်နေခဲ့ပြီ။
လော်ယွင်ရှီးကတော့ ဆရာသခင်နှင့် အဆောင်ထဲမှာပေါ့။
သတိမေ့နေသည့်သူကို မကြည့်ရက်သဖြင့်
အပြင်မှာဘဲ ရပ်စောင့်နေမိသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now