Parallel ( Part - 25 )

163 26 2
                                    

Unicode

‌ချန်ဖေးယွီနှင့် လော်ယွင်ရှီတို့နှစ်ယောက်သည်  ချစ်သူဖြစ်ခဲ့ကြတာ ငါးလကျော်အချိန်နီးပါးသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ချန်ဖေးယွီသည် လော်ယွင်ရှီး၏ သူတို့တွဲနေတာသိသွားရင် တောင်မှာ အနေခက်မည်ဆိုသည်ြ  တောင်းဆိုမှုကြောင့် သူတို့ဆက်ဆံရေးကို အခုထိ လျှို့ဝှက်ထားကာ ဖုံးကွယ်ထားခဲ့ကြတုံးဘဲ။ ဒါပေမဲ့ သူ့သူငယ်ချင်းထဲမှာ‌ဆိုရင်‌တောင် ဟိုစပ်စလူးဖုန်ထင်းရီတစ်ယောက်ကလွဲရင် ကျန်တယ့်နှစ်ယောက်က သိနေပြီဖြစ်သည်။

သူလိုချင်သည့် အရာကို ရပြီးသွားပြီဖြစ်သော်လည်း ချန်ဖေးယွီသည် သိပ်လည်း မပျော်ရဲဘဲ၊ တစ်ဖက်က ကိစ္စအပေါ်မှာ ပိုတောင် စိတ်ဖိစီးမှုရှိလာခဲ့သည်။ အခုလတွေအတွင်းမှာ သူတို့အဖွဲ့နဲ့ အခြေစိုက်စခန်းကို ခဏခဏ အလစ်၀င်တိုက်ခံနေရသည့်အတွက်
ပိုပြီး  ခေါင်းခဲနေရသည်။သူတို့၏ အလုပ်တွေမှာလည်း ကြား၀င်ရှုပ်သည့်အပြင် အပြိုင်၀င်လုကြသေးသည်။ တစ္ဆေတွေကို ထိုတိုက်ခိုက်မှု၏ နောက်ကွယ်ကလူကို ရှာခိုင်း ပေမဲ့ ကြိုးစတစ်စတောင် မတွေ့ရဘဲ ပျောက်ကွယ်နေသည်။

" ဖေးယွီ...  "

လော်ယွင်ရှီး၏ အလန့်တကြား အော်ခေါ်သံနှင့်အတူ  ချန်ဖေးယွီ၏ကိုယ်သည်  ရုတ်တရက်ကြီး လေပေါ်မြှောက်တက်သွားပြီးနောက်
မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလာခဲ့သည်။

လော်ယွင်ရှီးငည် ချန်ဖေးယွီလဲကျသွားသည်နှင့်
သူ၏ တိုက်ကွက်ကို ပြန်ရုတ်သိမ်းပြီး မြေပေါ်က သူကြိ သွားကြည့်လိုက်တော့  အခုထိ ဘာမှန်းသွားမှန်းမသိသေးသည့် ပုံဖြင့် မြေကြီးပေါ်မှာ မျက်လုံးလေးကလယ်ကလယ်ဖြစ်နေသည်။လော်ယွင်ရှီးက သူ့ဓားကို ဓားအိမ်ထဲ ထိုးထည့်လိုက်ပြီး
ချန်ဖေးယွီ၏ဘေးမှာ ၀င်ထိုင်လိုက်သည်။

" ကိုယ်.. ဘာဖြစ်သွားတာလဲဟင်.. "

အခုထိ ဘာဖြစ်သွားမှန်း မသိသေးသည့် ချန်ဖေးယွီက ကြောင်တောင်တောင်လေးဖြင့်။
လော်ယွင်ရှီးသည် မြေပေါ်မှာ အိပ်နေသည့် ချန်ဖေးယွီ၏ နှာခေါင်းကို ဖြေးဖြေးလေး ဆွဲညှစ်လိုက်ပြီး

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now