Parallel ( Part 4 )

931 95 4
                                    

Unicode

ယခင်က တိတ်ဆိတ်နေတယ့် ပင်မတောင်ထွပ်ကြီးက
ယခုအခါ လူသံများဖြင့် စည်ကားနေကြသည်။‌
တောင်အသီသီးမှ ဆရာသခင်များကလည်း
တပည့်များအားလုံးကို အင်အားပြအနေဖြင့်
ပွဲနေရာသို့ ခေါ်လာသည်။
ဆပည့်တွေ၏ခါးတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းတံဆိပ်များသည် ဘယ်ညာလှုပ်ရှားလျက်။

ကျန်ချင်တောင်ထွပ်တပည့်များ၏
လက်နက်များသည် နေရောင်အောက်မှ တ၀င်း၀င်း။
ထို့အတူ ချင်ယွမ်တောင်ထွပ် တပည့်မျာ၏ ငွေလက်စွပ်၁၀ကွင်းသည်
လက်လှုပ်ရှားမှုနှင့်အတူ တလက်လက်ဖြစ်နေသည်။

တပည့်များအားလုံးသည် အသစ်များကို အကဲခတ်နေကြသည်။ လူအားလုံး အထူးသဖြင့်မိန်းမပျိုများ၏အာရုံက ချန်ဖေးယွီတို့အုပ်စုထံ၌ ရောက်နေကြသည်။

တောင်သခင်တော်တော်များများကလည်း ချန်ဖေးယွီတို့‌သုံးယောက်တည်းက
တစ်ယောက်လောက်ကို တပည့်တော်ချင်ကြသည်။
ချန်ဖေးယွီ ဟွာဝူချွဲ ဖုန်ထင်ရီသည်
ကောင်းကင်ဘုံမှ ‌ကောင်းချီးပေးသည့်သူများဖြစ်သည်။
ရုပ်ရည် အာဏာ တိုက်ရည်ခိုက်ရည် တစ်ခုမှအပြစ်ပြောစရာမရှိ။
အာစီသာ ဖယ်လိုက်ရင်
သူတို့သည် ပြိုင်ဖက်ကင်းသူများဖြစ်လာလိမ့်မည်။

စဉ်းစားကြည့်ပါ။
အင်အားကြီးမားသည့်နိုင်ငံတော်မှ
နန်းတက်မင်းသား၏ဆရာဆိုသည့်
ဂုဏ်သည့် မည်မျှကြီးမားသနည်း။
ထို့ပြင် မင်းသားတွေထံ၌
တရား၀င် ကြင်ယာတော်နန်းတက်မင်းသမီးမရှိ။ ဤနေရာကိုရရှိရေးသည်
အရွယ်ရောက်ပြီးသည့် မိန်းမပျိုတိုင်း၏အိမ်မက်။

" အကိုယွီကတော့ ဘယ်သွားသွား
  မိန်းမပျိုလေးတွေရဲ့ ပါးစပ်ဖျားမှာ နေရာယူထားတာဘဲ။
  အားကျမိပါတယ်။ "

အာစီက ဆိုလာတော့
ယပ်တောင်တခပ်ခပ်ဖြင့် ဖုန်ထင်းရီသည် မကျေနပ်သည့် ဟန်ဖြင့်

" အဲကောင်နဲ့ကြိုက်မိတယ့်သူက ကံ‌ဆိုးမှာအသေအချာဘဲ။
  နန်းတက်မင်းသမီးမဖြစ်ခင် လာရာလမ်းမှာဘဲ
မြေးခွေးမယန်ယွီလက်ချက်နဲ့......."

ဆို၍ သူ့လည်ပင်းကို လက်မဖြင့် ဖြတ်ပြသည့်သဏ္ဌာန် လုပ်ပြသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now