parallel [ part- 22 ]

204 33 2
                                    

Unicode

" ချန်ဖေးယွီ...
  ထ... ထအုံးးးးး "

မနေ့ညက ‌မြေကြီးပေါ် အိပ်ရတာ
သူအတွက် ပထမဆုံးအကြိမ်မို့ ‌ ချန်ဖေးယွီသည် မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားရတာကို
အခုလည်း သူ့ရင်ဖက်ကို ဘယ်ကောင်က တဖုန်းဖုန်းထုနေပြန်ပြီလဲ???

‌ချန်ဖေးယွီသည် မျက်လုံးဖွင့်ကြည့်လိုက်တယ့်အချိန် လော်ယွင်ရှီကိုတွေ့လိုက်ရတယ့်အချိန်မှာ အိပ်နေရာက  ထထိုင်လိုက်ချိန်  ဘက်ဘက်လက်ရော ညာဘက်လက်ပါ မနေ့ညက ဖိအိပ်ထားတာတွေကြောင့် ကျင့်တက်လာတယ်။

ချန်ဖေးယွီ၏ ရှုံမဲ့နေသည့် မျက်နှာထား‌ကြောင့် လော်ယွင်ရှီးက လေးမှာ ထိုင်နေရာကနေ စိုးရိမ်သွားပြီး

" အဆင်..ပြေရဲ့လားးး... "

" ပြေပါတယ်။
  ခဏကြာရင် သက်သာသွားလိမ့်မယ်။ "

" ငါတို့က ဘာလို့ မြေကြီးပေါ် အိပ်နေရတာလဲ??
   မနေ့ညက ဘာတွေဖြစ်သွားလို့လဲ..??? "

" မင်းမမှတ်မိတော့ဘူးလား..?? "

လော်ယွင်ရှီးသာ
မနေ့ညက အရာအားလုံးကို မှတ်မိတယ်ဆိုရင်
သူဖွင့်ပြောတာကိုလည်း သေချာမှတ်မိပြီး တစ်ခုခုတုန့်ပြန်မှာဘဲ။
အဖြေဘဲ ပြန်ပေးမလားး
ဒါမှမဟုတ် မျက်နှာကို လက်သီးစာမိမလားး

" မနေ့က သောက်နေတာကိုဘဲ နောက်ဆုံးမှတ်မိတာ။
   ငါတို့ မြေကြီးပေါ်မှာ ဒီအတိုင်းအိပ်ပျော်သွားတာလားးး "

သူဘာသာ ဘာဖြစ်နေမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်နေတယ့် လော်ယွင်ရှီးကို ချန်ဖေးယွီသညါ စချင်စိတ်ပေါက်လာတာမို့။

" ကိုကိုလေးးး....
  အဲလိုသူများကို... စားပြီး နားမလည်မလုပ်နဲ့လေ။
  သူဘဲ မနေ့ညက...… သူများကို... အတင်း.... "

လော်ယွင်ရှီးရဲ့ မျက်လုံးနှစ်လုံးက ချန်ဖေးယွီလုပ်ပြပုံကြောင့် ပြူးထွက်လာပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်

" ဘာကို... အတင်း..လဲ....
  ချန်ဖေးယွီ....
  မင်းမစနဲ့နော်။ "

" သူများလက်မောင်းကို အားမနာဘဲ အတင်းဖိအိပ်ထားတာ။
  အခု တကယ်လက်ကျိုးတော့မယ်။ "

 Parallel ( မျဉ်းပြိုင် )Hikayelerin yaşadığı yer. Şimdi keşfedin