Parallel ( part 2)

1.6K 129 11
                                    

Unicode

ဂိတ်အ၀၌ အဆင့်သင့်စောင့်နေကြသည့်
မျိုးနွယ်သားများနှင့် သူတော်စင်များစုရုံးနေကြပြီးဖြစ်သည်။
နေရောင်အောက်၌ သူတို့လက်နက်မှ ထွက်သည့် အရောင်တွေက တ၀င်းလက်လက်နဲ့ မျက်စိကျိန်းစေလောကိသည်။

ဂိတ်ရှိတံခါးနှစ်ချပ်သည်
အလွန်ကြီးမားကာ ကျောက်သားဖြင့်ပြုလုပ်ထားသည်။
ဘယ်ဘက်တံခါးမှာ နဂါးပုံထွင်းထားပြီး
ညာဘက်မှာတော့ ဇာမဏီငှက်ပုံထွင်းထားသည်။

တံခါးနှစ်ချပ်၏ အလယ်မှာ
ကောင်ကင်ဘုံမှ ကောင်းချီးပေးခြင်း စာသားကို
ဒေါက်လိုက် ထွင်းထုထားသည်။
တံခါးနှစ်ချပ်မှ အတွင်းသို့ ၀င်သွားသည့်အခါ
အတွင်း၌ ကွင်း၏ ညာဘက်တွင်
နဂါးဂိုဏ်း၏ အဆက်ဆက် ဂိုဏ်းချုပ်ရုပ်ထုများ၊
ဘယ်ဘက်၌ ဇာမဏီဂိုဏ်း၏ ဂိုဏ်းချုပ်ရုပ်တုများကို ထွင်းထုထားသည်။

အလယ်၌ စင်မြင့်ကြီးတစ်ခုရှိ၏
ထိုစင်မြင့်၏ တိုင်လေးဖက်တွင်
နဂါးပုံ၊ ဇာမဏီပုံတို့ကို ထွင်းထုထားသည်။
စင်၏ အရှေ့ဘက်တွင် အကြီးအကဲတို့အတွက် ထိုင်စရာ စင်ရှိသည်
နောက် အမတ နတ်ဘုရားသခင်ကြီး၏ ရုပ်ထုရှိ၏

" တော်တော်ကြီးကျယ်ခမ်းနားတာဘဲ
  တစ်ခါမှ ဒီလို လက်ရာတွေကို မမြင်ဖူးဘူး "

လက်ရာတွေကိုကြည့်ပြီးး အံဩနေတယ့်
ဖုန်ထင်းရီကို နိုင်ကွက် ရသွားတယ့် ချန်ဖေးယွီက

" မမြင်ဖူးဘူးလား...
  မင်းဒီကအပြန်ကျရင် ငါဆီလိုက်လာခဲ့။
  ငါဆီမှာ ကုန်းကုန်းလုပ်ပြီး
  ဒီလို အနုပညာလက်ရာတွေကို တစ်၀ကြီးကြည့်ရမယ်။ "

"  သေချင်းဆိုး...
   ကြက်သတောင်းစား...!!!! "

" ဟော်..
  ဟိုမှာ ငါရဲ့ ညီလေး ကျင်စီ ပါလား....? "

" မင်းသား ၂..
  မင်းသား ၅..
  မင်းသား၆.. နှုတ်ဆက်ပါတယ်။ "

ချန်ဖေးယွီတို့ ထိုသုံးယောက်ကို
၀တ်ကျေတန်းကျေသာ နှုတ်ဆက်လိုက်သည်။
ဤမင်းသားသုံးပါးသည်
သောက်သောက်စားစား လူ့ငနွား
၃၇၆အကြီးစားဖြစ်သည်။
ထို့ပြင် အခွင့်ရေးရလျှင် ရသလို
အာစီကို အနိုင်ကျင့်ချင်သေး၏။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now