Parallelလေးတောင် အပိုင်းနှစ်ဆယ်ပြည့်သွားသလို့ အတာမှာလည်း followers ၁၂၂ယောက်ဖြစ်သွားပါပြီ။
Parallelကို ဖတ်ပြီး မြတ်နိုးပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်®®®®®®®®®®®
Unicode
အသွားတုံးက အချင်းချင်းစနောက်ပြီး ပျော်ရွှင်နေကြပေမဲ့
အပြန်လမ်းမှာတော့ စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။
ရှောင်ယန်မတော်တဆမှု ဖြစ်ပြီး
နောက်နေ့မှာဘဲ နဂါးဖြူဂိုဏ်းက
တာ၀န်ရှိအကြီးအကဲတွေ ရောက်လာကြသည်။
ပြိုကျသွားခဲ့သည့် အဆောက်အဦးထဲမှာ
အကြီးအကဲတွေ အကူအညီဖြင့်
ကျန်ရစ်မယ့် အလောင်းကို ရှာကြည့်ကြပေမဲ့ ဘာမှမတွေ့ခဲ့။
ရှောင်ယန်၏ ရုပ်အလောင်းတောင်
ပြန်မရခဲ့တယ့်အတွက် ကမ္မည်းတိုင်တောင် မလုပ်ပေးနိုင်လို့
အကုန်လုံးက စိတ်မကောင်းကြ။လော်ယွင်ရှီးသည် ရှာဖွေတယ့် နေ့တုံးက
ပြန်ပြီး စိတ်တက်ကြွလာကာ
သူကိုယ်တိုင် လာကြည့်ခဲ့ပေမဲ့
ဘာမှရှာမတွေ့ခဲ့ဖူးဆိုတာကို သိသွားခဲ့တယ့်အချိန်မှာ
အရင်လို အရုပ်ကြိုးပျက်ပြန်ဖြစ်သွားတယ်။အစားလည်း မစားတော့သလို
အမြဲမျက်ရည်တွေ ဝေ့နေသည့် မျက်၀န်းတွေဖြင့်
တစ်နေရာရာကိုသာ ငေးကြည့်နေတယ့်
သူရဲ့ပုံကိုကြည့်ရတာ ချန်ဖေးယွီ၏ ရင်ကို
ဓားနဲ့ အခေါက်ခေါက်အခါခါ ထိုးတာထက် နာကျင်ရသည်။အကိုက တကယ်ထားခဲ့ပြီလား??
ငယ်ငယ်တုန်း တူတူပုန်းတိုင်းဆော့ရင်
သူငိုမှ ထွက်ထွက်လာတယ့် အကိုကို မုန်းတယ်။
အဲကျမှ အကိုတောင်းပန်တာပါဆိုပြီး
ပူပူနွေးနွေးလမုန့်တွေကို ပေးတတ်သည်။
အခုလည်း အကို ဘယ်နားမှာ သူကို ချော့ဖို့
လမုန့်တွေနဲ့ ပုန်းနေလဲ မသိဘူး။
ကျွန်တော် ငိုရတာ အခေါက်ပေါင်းမနည်းတော့ဘူးမို့။
ကျေးဇူးပြုပြီး ထွက်လာခဲ့ပါတော့နော်။" မင်းနည်းနည်းလေး
လောက်တောင် စားပါအုံး... ""...... "
အစာချော့ကျွေးပေမဲ့
သူကိုလှည့်တောင် မကြည့်ဘဲ
အနောက်မှာ ကျန်နေခဲ့သည့်
လုံလီမြို့ကိုသာ လှည့်ကြည့်နေသည်။
YOU ARE READING
Parallel ( မျဉ်းပြိုင် )
FanfictionUnicode and Zawgyi လောကကြီးတစ်ခုလုံးက ငါ့ဘက်မှမရှိရင်တောင် မင်းကတော့ ငါ့ကို လွှတ်ပစ်လိုက်လို့မဖြစ်ဘူး။ ။ Chen FeiYu ဘာလို့လဲ?? ဘာလို့ ကျွန်တော်ကို မွေးဖွားပေးခဲ့သေးတာလဲ? ဒီလိုမျိုးတွေ ခံစားရစေချင်လို့လား...