Parallel [ Part - 29 ]

168 30 4
                                    

[Unicode]Unicode

ကျန်ရစ်ရုပ်အလောင်းတွေကို  ဂူသွင်းသဂြိုလ်သည့်နေ့မှာ
ဇာမဏီဂိုဏ်း၏ ဂိုဏ်းချုပ်အပြင်
လေနိုင်ငံတော်၏ ဘုရင် ဖုန်းထင်ဖန်ပါ ရောက်ရှိနေခဲ့သည်။

ထိုဘုရင်ငယ်သည် သူ့ညီငယ်လိုမျိုး
ဆံနွယအဖြူတွေမရှိတာက လွဲရင်
ညီအကိုနှစ်ယောက်သည် သွင်ပြင်တူညီလှသည်။ အ‌ခြေနေပြန်ကောင်းလာပြီဖြစ်သည့် လော်၀မ်ရှီကပါ
ထိုနေ့၌ လော်ယွင်ရှီးနှင့်အတူ ကျန်ရစ်မိသားစုနေရာမှ နေ၍ ဂါ၀ရပြုသည့် သူတွေကို နှုတ်ဆက်ရသည်။

"  တောင်သခင်.
   သခင်လေး...
   အားတင်းထားပါအုံး။ "

လေနိုင်ငံ၏ ဘုရင်နှင့် အိမ်ရှေ့စံ ဖုန်ထင်းရီသည် ဂါ၀ရပြုပြီးသည့်နောက်မှာ ဘုရင်က 
လော်၀မ်ရှီ၏ လက်နှင့် လော်ယွင်ရှီး၏လက်ကို ကိုင်ပြီး အားပေးစကားဆိုလိုက်သည်။

လော်၀မ်ရှီးနှင့် လော်ယွင်ရှီးသည်
လာသမျှ လူတွေကို ပြန်ပြောသည့်အတိုင်း လာရောက်ဂါ၀ရပြုပေးတယ့်အတွက်ကျေးဇူးတင်ပါတယ် ဆိုသည့်စကားကိုသာ ပြောခဲ့သည်။

လာရောက်အရိုအသေပေးသည့်
လူတန်းက ရှည်လျားလွန်းခဲ့သည့်အတွက်
နှစ်ယောက်စလုံးသည် ပင်ပန်းနေခဲ့ပြီဖြစ်သည်။နောက်ထပ်နာရီအနည်းငယ်ကြာသည့်အခါ
ရုပ်အလောင်းတွေကို ဂူသွင်းတော့မယ့်အချိန်ရောက်လာပြီဖြစ်သည်။ ကျွန်းသားအခေါင်းကို အသေမပိတ်သေးခင်
လော်ယွင်ရှီးနှင့်  လော်၀မ်ရှီသည် နောက်ဆုံးအကြိမ်ဖြင့် ရုပ်အလောင်းတွေကို ကြည့်လိုက်သည်။

ဂိုဏ်းချုပ်သူတို့ရဲ့အဖိုး၊ အဖေကိုတော့ အရင်ဂိုဏ်းချုပ်နားမှာဘဲ မြှပ်နှံပြီး
ကျန်တယ့်သူတွေကို မိသားစု သချိုင်းထဲမှာ မြှပ်နှံပေးကြမည်ဖြစ်သည်။
လော်ရှီဖန်ကို သူ၏ ဇနီးသည် လော်ဖုန့်ဟွာဘေးမှာ မြှပ်နှံသလို လော်ချင်းယွီကိုလည်း
သူ၏ ခင်ပွန်သည်ဘေးမှာ မြှပ်နှံထားသည်။
သူတို့၏ မင်္ဂလာစုံတွဲလေးကိုကျ
လော်ယွင်ရှီး၏ ဆန္ဒအတိုင်း မင်္ဂလာ၀တ်စုံဖြင့် အတူတူ မြှပ်နှံခဲ့ပေးသည်။နောက်ပြီး သူကိုယ်တိုင် လက်စွပ်တွေကို စွတ်ပေးထားသည်။

 Parallel ( မျဉ်းပြိုင် )Opowieści tętniące życiem. Odkryj je teraz