Parallel ( Part - 24 )

175 28 2
                                    

Unicode

" မင်းက ဘာမို့လို့
အမတအရှင်ရဲ့ ဆန္ဒကို ပြန်ပြင်မယ်ပြောရတာလဲ..? "

သူ၏ ချစ်သူက တကယ်ကို အင်အားကြီးကာ ချမ်းသာသည့် နိုင်ငံရဲ့ အိမ်ရှေ့မင်းသားဆိုပေမဲ့
သုံးလောကကို ဖန်တီးထားသည့် အမတအရှင်ရဲ့ ဆန္ဒကို ပြန်ပြင်နိုင်ဖို့ လောက်ထိ စွမ်းနိုင်တာမှ မဟုတ်တာ။

" ကိုယ်က မင်းရဲ့ ခင်ပွန်းသည်မို့လေ။ "

‌ချန်ဖေးယွီ၏ သူကို စိုက်ကြည့်ပြီး ပြောသည့်စကားကြောင့်
လော်ယွင်ရှီးသည် ဗိုက်ကို တံတောင်ဖြင့် တွတ်လိုက်သည်။ မထင်ထားသည့်အတွက် ချန်ဖေးယွီက အာ့ ခနဲ့ အော်ပြီး အနောက်ကို ဆုတ်သွားသည်။
လော်ယွင်ရှီးတွတ်လိုက်သည့် ဗိုက်ကို လက်ဖြင့် ဖိထားရင်း

" ကိုယ့်ခင်ပွန်းသည်ကို ဒီလိုဘဲ လုပ်ရလားး.. "

" ငါက ယောင်္ကျားလေးနော် ဖေးယွီ.. "

လော်ယွင်ရှီးသည် မီးပုံတွေကိုကြည့်ရင်း ခပ်ဆွေးဆွေးပြောလိုက်သည်။ဒီစကားတွေက ချန်ဖေးယွီကို အဖြေပေးလိုက်ကတည်းက ပြောချင်နေသည့် စကားတွေဖြစ်သည်။

" မင်းနဲ့ ငါက ချစ်ကြိုက်နေကြပေမဲ့
မင်းရော ငါရောက ယောင်္ကျားလေးတွေဘဲ။
ငါက မပျော့ညံဘူး၊ အားမနည်းဘူး။
အဲလိုဘဲ မင်းကိုချစ်မိလို့လည်း
မိန်းကလေးစိတ်ဖြစ်သွားရတာမဟုတ်ဘူး။
ငါရဲ့ ဖြစ်တည်မှုကိုတော့ မနှိမ့်ချဘဲ
ဒီအတိုင်း လက်ခံပေးပါ။ "

လော်ယွင်ရှီးသည် ထိုလိုမျိုးအမြဲခံစားနေကြသည်။
သူသည် မိန်းကလေးမဟုတ်၊ ဒါပေမဲ့ ချန်ဖေးယွီဆိုသည့် ယောင်္ကျားပျိုကို ချစ်သည်။ ထိုအကြောင်းအရာတွေကို လူတွေသိသွားပါက ပေးလာမယ့်ထင်မြင်ချက်တွေကိုလည်း ကြောက်ရွံမိသည်။

" အင်းပါ။
ကိုယ့်ရဲ့ ယွင်ရှီးလေးက မိန်းမလည်း မဟုတ်ဘူး၊
ယောင်္ကျားလေးလည်း မဟုတ်ဘူး။ "

" အဲတော့ ငါက ဘာလဲ..? "

" ကိုယ့်ရဲ့ ကြောင်ပေါက်စလေးလေ။
မီးညောင်လေးရေ.. "

" ငပေါကြီး... "

လော်ယွင်ရှီးသည် သူ၏ စိတ်ကို နားလည်ပေးသည့် ချန်ဖေးယွီကို သဘောကျမိသလို သူအပေါ်မှာ ထားသည့် လော်ယွင်ရှီး၏ ယုံကြည်မှုတွေသည်လည်း ပိုအားကောင်းလာသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now