Parallel ( part 15 )

336 48 3
                                    

Unicode

Unicode

မိန်းမတွေကလည်း
အောက်၀တ်ရုံကိုသာ လုံအောင်၀တ်နိုင်ပြီး
အ၀တ်အစားမပါသည့် သားသမီးတွေက
မိခင်၏ စကပ်စကို ဆွဲပြီး ဆာလောင်သဖြင့် ငိုနေသည်။
အမေတွေမှာသူတိူ့ကလေတွေကို  ဒီအတိုင်းထိုင်ကြည့်နေရသည်။
ထိုမကြည့်ရင်လည်း
သူတို့ဆီမှာ ထိုကလေးတွေ အငိုတိတ်ပြီး
ဗိုက်ပြည့်အောင် ကျွေးဖို့ ဆန်တောင်မရှိတာ။
ကလေးတွေဒီအတိုင်း မောပြီး
အငိုတိတ်သွားဖို့ဘဲ စောင့်နေကြရသည်။

ရွံတွေထဲ ကစားနေသည့်ကလေးနှစ်ယောက်က
ဖုန်းထင်ရီထံ ပြေးထွက်လာပြီး

" ဦးဦးက..တကယ်လိုက်လာတယ်နော်။ "

ဖုန်ထင်းရီသည် အလွန်အသန့်ကြိုက်သည်။
တစ်နေ့ကို ရေနှစ်ခါလောက်ချိုးသလို
တစ်ကိုယ်လုံး အမွှေးနံသာတွေကို
အသက်ရှူရပ်မတက် ဖြန်းထားသည်။
တစ်ခါက ထိုကိစ္စကြောင့်
နန်းတွင်းသူတစ်ယောက် သေမတတ်အရိုက်ခံလိုက်ရပြီး နန်းတွင်းမှ နှင်ထုတ်ခံလိုက်ရသည်။

ထိုလို ညစ်ပတ်ပြီး
နှာရည်တွေ ကျနေသည့် ကလေးတွေက
သူ့အကျီစကို ရွံတွေပေနေသည့်လက်ဖြင့်
လှန်းဆွဲလိုက်တော့ ထိုကလေးနှစ်ယောက်အတွက်
ချန်ဖေးယွီသည် စိတ်ပူသွားသည်။

ဒါပေမဲ့ ဖုန်ထင်းရီက
ထိုဟာကို စိတ်ထဲမထားဘဲ
ကလေးတွေနှင့် တစ်တန်းတည်းဖြစ်အောင်
ထိုင်ချလိုက်ပြီး လက်ထဲက သကြားလုံးတုတ်ထိုးလေးတွေကို ထိုကလေးနှစ်ယောက်ကို ကျွေးလိုက်သည်။
အားရပါးရစားနေသည့် ကလေးတွေကို သဘောကျစွာကြည့်ပြီး ခေါင်းတောင် ပွတ်ပေးလိုက်သေးသည်။

" ဖုန်ထင်းရီ‌ကိုယ်ထဲ...ဘယ်သတောင်းစား၀င်ပူးနေတာလဲ??
  အခုချက်ချင်း...ထွက်သွားစမ်း!!!? "

ဖုန်ထင်းရီကို လက်ညိုးထိုးပြီး ချန်ဖေးယွီသည် အလန့်တကြားထအော်လိုက်သည်။ ကလေးတွေကို ကြည့်နေသည့် ဖုန်းထင်ရီက ဟိုကောင်ဘာထဖြစ်တာလဲ အကြည့်ဖြင့် ပထမဆုံးကြည့်လိုက်သည်။
နောက်မှ သဘောပေါက်သွားသည့်ဟန်ဖြင့်

" ခွေးသူတောင်းစား...
  ဘောမို့..၀င်ပူးတာလား????
  မင်းကြီးတောက်ကြီးဖင်ထဲ... ၀င်ပူးနေလိုက်။ "

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now