parallel [ part 16 ]

301 41 0
                                    

Unicode

လူအများကြီးက
ခန်းမထဲ၌မှာ စုဝေးနေကြပေမဲ့ တိတ်ဆိတ်လျက်။
တောင်သခင်တွေက စကားမဆိုဘဲ တပည့်‌တွေခြံရံပြီး ထိပ်ဆုံးမှာထိုင်နေသည့် ဆရာကြီးဆီက စကားသံကို နားစွင့်နေသည်။ ဆရာကြီးကလည်း ရေနွေးကြမ်းကိုသာ သောက်နေခဲ့သည်။

" ဒီကိစ္စက... ကျွန်တော်မျိူးတို့နဲ့ ဘာမှမဆိုင်တယ့်အရာပါ။
  ဒီဒုက္ခသည်တွေက..
  ဇာမဏီဂိုဏ်းလက်အောက်ခံမြို့က လူတွေပါ။
  အဲတာကြောင့်..ဇာမဏီဂိုဏ်းကိုဘဲ...
  ဖြေရှင်းခိုင်းသင့်ကြောင်းပါ။ "

" ရှင်..ပေါက်လို့ပဲစားမပြောနဲ့။
  ရှင်ကျင့်၀တ်တွေကို... မေ့နေပြီလား???
  နောက်...အဲမိစ္ဆာဓာတ်တွေ..အင်အားကြီးလာရင်...!!!!!! "

တောင်သခင်တစ်ယောက်ရဲ့ တာ၀န်ယူမှုမရှိသည့် အပြောကို ချင်ယွင်သခင်မက ဒေါသဖြင့်တုန့်ပြန့်မိသည်။တပည့်တွေကလည်း အချင်းချင်းတီတိုးပြောဆိုနေကြသည်။
လော်ချင်းဖန်က သူအမေကို အနောက်နေ ဒေါသလျော့ဖို့ လက်ကုပ်ပြီး သတိပေးလိုက်သည်။

" ချင်ယွင်သခင်မပြောတယ့်အတိုင်းဆို
  ဘယ့်တပည့်တွေကို  စေလွှတ်မှာလဲ???
  ကျွန်တော်ကတော့...
  ကျွန်တော့်တပည့်တွေကို... မလွှတ်နိုင်ဘူး။ "

၀၀ဖိုင်ဖိုင်နဲ့ တောင်ဆရာက
ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းလွှတ်လိုက်သည်။
ဘယ်လောက်ဘဲ ချင်ယွင်တောင်သခင်မကို ကြည့်မရပါစေ။
သူမှာ ရိုင်းရိုင်းစိုင်းစိုင်းပြောပိုင်ခွင့်မရှိ။
ဟိုက အတွင်းစည်းကသခင်မဖြစ်ပြီး
သူက ဘာမှမဟုတ်တယ့် အပြင်စည်းက ဆရာတစ်ယောက်။

ဒါကေမဲ့ ဒီအဆင့်ခွဲခြားတာက
သိပ်မကြာခင် အဆုံးသတ်တော့မှာပါ။
အဲကျ အတွင်းစည်းက သူတွေရဲ့ သွေးနဲ့
သူထိုင်ခုံကို ဆေးပြမယ်။
လူအုပ်ထဲက ချန်ဖေးယွီဆီကို
သူတို့သာ သိလောက်သည့် အကြည့်ဖြင့်
လှန်းကြည့်လိုက်သည်။

" ကျွန်တော်တို့လည်း..မလွှတ်နိုင်ဘူး။ "

" ကျွန်တော်တို့ရောဘဲ....။ "

တစ်ယောက်က စပြောလိုက်တာနဲ့
တစ်ခြားသူတွေကပါ ဖားအော်သလို
အလုအယက် ထောက်ခံကြပြီး
သူတို့တပည့်တွေကို လွှတ်ပေးဖို့ ငြင်းဆန်ကြသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now