Parallel [ part - 26 ]

157 25 2
                                    

Unicode

" လော်ယွင်ရှီး.... "

" လော်..ယွင်ရှီး.. "

ထပ်ပြီးတော့ လော်ယွင်ရှီးသည် အိပ်နေရာက
အရင်ရောက်ဖူးသည့် အမှောင်ထုကြီးထဲကို ထပ်ရောက်လာပြန်ပြီဖြစ်သည်။
ဒါပေမဲ့ အရင်ကထက် ပိုအေးကာ၊
အဖြူရောင်အငွေ့တွေက ပိုထူထပ်လာခဲ့သည်။
ထိုအလယ်က အမည်းရောင်အလုံးကြီးနား လျှောက်သွားပြီး

" မင်းရောက်လာပြီလား... "

" အင်..
ကြည့်ရတာ..ထပ်ပြီးရောက်လာပြန်ပြီထင်တယ်.။ "

ထိုအလုံးကြီးအတွင်းထဲကနေ ဆံပင်အဖြူရောင်ရှိသည့် နောက်ထပ်လော်ယွင်ရှီးတစ်ယောက်၏မျက်နှာက ထပ်ထွက်လာခဲ့ပေမဲ့ အရင်ကလောက် သူမလန့်မိဘဲ အားးတင်းထားကာ သိချင်သည့် မေးခွန်းကို မေးလိုက်သည်။

" မင်းက ဘယ်သူလဲ..? "

သူ၏မေးခွန်းအဆုံးမှာအတွင်းထဲက သူသည်
ပျက်လုံးတစ်ခုကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
မည်းမှောင်ကာ ဗလာဖြစ်နေသည့် နေရာ၌ စိတ္တဇသမားတစ်ယောက်လို ရယ်သံကြားရသည့်အခါ အနည်းငယ်စိတ်ချောက်ချားစရာကောင်းသည်။
ထိုသူ၏အသံသည် သူ့အသံထက် အနည်းငယ်ပို အောသလိုရှိသည်ကို လော်ယွင်ရှီးသည် သတိထားမိသည်။

" ငါက.. မင်းပါလို. ဘယ်နှစ်ခါပြောရမလဲ..? "

" မင်းက ငါဆိုပေမဲ့
မင်းရဲ့ နာမည်ကတော့ လော်ယွင်ရှီးမဖြစ်နိုင်ဘူး။ "

" ဟီး..ဟီး...
ငါ့နာမည်က.. ယီ. "

" ယီ...!!! "

" ဟုတ်တယ်။
တစ်လုံးတည်း...ယီ.. "

" အဲတာဆို..
ယီရေ..
မင်းကို ငါက ဘာလို့အခုလိုတွေ့နေရတာလဲ..?
မင်းက မကောင်းဆိုးဝါးလား.. မိစ္ဆာလား.?
မင်းက ငါ့အသွင်ပုံယူထားတာလား..? "

ယီသည် သူအရှေ့က နဂါးပေါက်စ၏ သိချင်ဇောဖြင့် မေးမြန်းသည်ကို ကြည့်ပြီး အရင်က ဒီလ်ိုဘဲ မေးတတ်တယ့် ကလေးမကို သတိရသွားသည်။

" မေးခွန်းတွေက အရမ်းများတာဘဲ။
တစ်အချက်
မင်းက ငါကို ဘာလို့တွေ့ရလဲ ဆိုတော့..
ငါက မင်းကိုယ်ထဲမှာ ရှိနေလို့။
နှစ်အချက်
ငါက.. အဲအောက်တန်းစားတွေ မဟုတ်ဘူး။
တစ်ချိန်တုန်းက ငါက အမတပြည်မှာ
ကိုယ်ပိုင် နန်းဆောင်နဲ့နေတယ့် နဂါးတစ်ကောင်။
သုံး..
ငါက မင်းလိုမျိုး
သေမျိုးပြည်က အနုတ်စုတ်ဂုတ်စုတ်
နဂါးတစ်ကောင်ရဲ့ အသွင်ယူစရာလား။
ဒါက ငါဪဲ့ မူလသွင်ပြင်ဘဲ။
မင်းကသာ.. ငါ့အသွင်ကို အတုခိုးထားတာ..။ "

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now