Parallel ( Part 8 )

452 55 2
                                    

[Unicode]

ရှောင်ယန်နှင့်အတူ လော်ယွင်ရှီးသည်
ပန်ကန်တွေကို သိမ်းနေသော်လည်း
မကြာခဏ အဝင်လမ်းအား လှည့်ကြည့်နေသည်။
*ဆရာကြီးအပြန်နောက်ကျလို့ စိတ်ပူနေတာဖြစ်မယ်* လို့တွေးရင်း

" အားယွင်
  ဆရာကြီးက တစ်နေရာဝင်နေတာနေမှာပါ။
  ဆရာကြီးအကြောင်းသိသားနဲ့။
  ကျန်းချန်တောင်ကိုရောက်ရင်လဲ 
  ရောက်နေမှာပေါ့။
  အရမ်းစိတ်မပူပါနဲ့။ "

စိတ်မပူအောင်လို့သာ ပြောလိုက်ပေမဲ့
သူကိုယ်တိုင်လည်း စိတ်ထဲက
ဆရာကြီးကို ပူနေသည်။
ယခု စည်သံအရှည်နှစ်ချက်နှင့် အတိုနှစ်ချက်( ၁၂နာရီ ) တီးသွားသည့်တိုင် ဆရာကြီးသည် ပြန်မလာသေး။

သူစိတ်ပူသည့် အရာက

ဆရာကြီးသည် လော်ယွင်ရှီးကိုရော တစ်တောင်လုံးကိုပါ သူထံအပ်ထားခဲ့ပြီး
အရင်လို ဘာမှမပြောဘဲ ခရီးထပ်ထွက်သွားမှာ။
အခုက သူတို့ နှစ်ယောက်တည်းရှိနေတာ မဟုတ်ဘူးလေ။စာသင်သားတွေကလဲရှိသေး။
ဒီအတိုင်းထားပြီးထွက်သွားခဲ့ရင် သူဘယ်လိုလုပ်ရမလဲ?

တွေးရင်နဲ့ကို ရှောင်ယန်း၏
ခေါင်းက‌နေ တစ်စစ်စစ်ကိုက်လာသည်။

" အကိုရှောင်
  ငါ မင်းကို တောင်းဆိုစရာရှိတယ်။
  တစ်ခြားဘယ်သူကိုမှလဲ မပြောချင်လို့။  "

 ပန်းကန်ရေသုတ်နေသည့် လော်ယွင်ရှီးက ရှောင်ယန်ထံကို ဤသို့‌ ပြောလာသည်။

ရှောင်ယန်သည်
လော်ယွင်ရှီး၏ပုံသဏ္ဌာန်ကို အကဲခတ်ကြည့်လိုက်သည်။
ဖြောင့်တန်းနေသည့် မျက်ခုံးကို အနည်းကုတ်ထားပြီး မျက်လုံးတွေကလဲ တည်တည်ကြည်ကြည်ဖြစ်နေသည်။

ဘယ်လောက်ဘဲ အမြုတေမတည်နိုင်ဘူးပြောပါစေ။
လော်ယွင်ရှီးသည်
နဂါး‌မျိုးရိုးမှ ‌မွေးဖွားသည့် နဂါးတစ်ကောင်ဘဲဖြစ်သည်။

သူ၏ညီငယ်လို ဆက်ဆံပေမဲ့
တကယ်တော့ လော်ယွင်ရှီးသည် အမတမျိုးနွယ်တစ်ယောက်။
သူကတော့ ဆရာကြီးခေါ်လာသည့်
လမ်းဘေးကလေကချေ။
ဆရာကြီး‌ခေါ်လာ၍သာ
သခင်လေးတစ်ယောက်လို ဖြစ်နေသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now