Unicode
ချန်ဖေးယွီသည်
လော်ယွင်ရှီးအဆောင်နှင့် ခပ်ဝေးဝေးနေရာအထိ ကို အမြန် လမ်းလျှောက်လာခဲ့သည်။
ခပ်ဝေးဝေးကို ရောက်ပြီးလို့ ထင်မှ သူစ ဖုံးထားရသည့် အပျော်တွေကို ဖွင့်ထုတ်ပြီး အသံထွက် အော်ဟစ်လိုက်သည်။
နောက် တီးလုံးမပါဘဲ ခြေလှုပ် လက်လှုပ်ဖြင့် အချိုးမကျတယ့် အကကိုလည်း နေသည်။
အရပ်ကြီးက ကလန်ကလားနဲ့ မထော်မနမ်းတွေကနေသည့် ချန်ဖေးယွီပုံက ဘဲငန်းကြီးတစ်ကောင် လေငန်းလိုက်နေသလိုဖြစ်နေကာ
ထို မြင်ကွင်းကို မြင်ရတယ့် သူတွေကို ကိုယ့်မျက်လုံး ကိုယ်ချက်ချင်း ပြန်နှိုက်ထုတ်ပြီး ရေစင်စင်ဆေးစေချင်စိတ်ပေါက်သွား စေနိုင်သည်။
ဒါပေမဲ့ အခုချိန်မှာ လူမြင်တာတွေ၊ အကက ဆိုးဝါးနေတာတွေကို ချန်ဖေးယွီသည် စိတ်ထဲ မထည့်ထားနိုင်သေး။လော်ယွင်ရှီး၏ အပြုအမူနှင့် အဖြေကြောင့် နတ်ပြည်ရောက်မတတ် ပျော်ရွှင်နေသည်။
လော်ယွင်ရှီးကလည်း သူအပေါ်မှာ ခံစားချက်ရှိတယ်။
သူတစ်ယောက်တည်းကဘဲ တစ်ဖက်သက်ခံစားချက်တွေ ဖြစ်တည်နေတယ်ထင်ထားတာကို... ။ပျော်ရွှင်မှုကို ကျေနပ်အောင် ဖွင့်ထုတ်ပြီးတယ့်နောက်မှာ
ချန်ဖေးယွီသည် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ရင်း
ပြန်လာခဲ့သည်။
ဒါပေမဲ့ မဖုံးမဖိနိုင်သည့် ချန်ဖေးယွီသည် စားဖိုဆောင်ကို ပြန်လာတဲ့ သူ့ခြေလှမ်းတွေက ပေါ့ပါးကာ လေထဲ လွင့်နေခဲ့သည်။ လေလေး တစ်ချွန်ချွန်ဖြင့် ၀င်လာသည့် ချန်ဖေးယွီကို ဖုန်ထင်းရီက" မျက်နှာကြီးက ပြုံးဖြီးနေပြီး.. ဘာဖြစ်လာတာလဲ..? "
မြန်မြန်ဆန်ဆန် ခြင်းတောင်းထဲက ပြန်ပါလာသည့် ပန်းကန်တွေကို တစ်ခုချင်းစီ ထုတ်နေသည့် ချန်ဖေးယွီက လှည့်မကြည့်ဘဲ ပက်ခနဲ့ ပြန်ပြောလိုက်သည်။
" မင်းရဲ့ ကြီးတော်ကြီးက လင်နောက်လိုက်သွားလို့လေ။ "
ဖုန်ထင်းရီသည် သူဆက်ပြောရင် နိုင်မှာ မဟုတ်တယ့် ချန်ဖေးယွီကို ပြိုင်ပြီး ပြောမနေဘဲ သူ့၏ ဒေါသတွေကို လက်ထဲက ခြွေနေသည့် အရွက်တွေဆီကိုဘဲ ပို့လိုက်ကာ တစ်စစီ ဆွဲဖြဲနေရင်း
YOU ARE READING
Parallel ( မျဉ်းပြိုင် )
FanfictionUnicode and Zawgyi လောကကြီးတစ်ခုလုံးက ငါ့ဘက်မှမရှိရင်တောင် မင်းကတော့ ငါ့ကို လွှတ်ပစ်လိုက်လို့မဖြစ်ဘူး။ ။ Chen FeiYu ဘာလို့လဲ?? ဘာလို့ ကျွန်တော်ကို မွေးဖွားပေးခဲ့သေးတာလဲ? ဒီလိုမျိုးတွေ ခံစားရစေချင်လို့လား...