Chapter - 32

199 27 15
                                    

[Unicode]

ကျို့အာသည် ဆေးကြိတ်နေပေမဲ့ သူ၏အတွေးတွေသည် ရောက်ရာအရပ်ရပ်ကို ပြန့်လွင့်နေသည်။ သူ့၏ဘေးမှာ မျက်လုံးကို ဆေးစည်းထားသည့် လင်းရှသည် သူသောက်နေသည့် ရေနွေးအိုးထဲ ရေနွေးကုန်သွားလို့ ထပ်‌တောင်းပေမဲ့ အရင်လို သူကို ချက်ချင်း ပြန်ပြီး ထူးသံကို မကြားရသည့်အတွက်

" ကျို့အာ..
  ဘေးမှာ.. ရှိနေသေးလား..? "

ထိုအချိန်မှ ကျို့အာသည်
အတွေးကြောထဲကနေ သတိပြန်၀င်လာခဲ့ပြီး

"  သခင်ကြီး..
   ဘာပြောမလို့လဲ..? "

" ရေနွေး.. "

လင်းရှသည် လွန်ခဲ့တယ့် မိနစ်နှစ်ဆယ်လောက်တည်းက ကုန်သွားပြီဖြစ်သည့် ရေနွေအိုးကို လက်ကိုင်ကနေ မြင်သာအောင် ပြလိုက်သည်။

" အာ့..
   ဟုတ်.... "

" ဒီရက်ပိုင်း.. ကျို့အာတစ်ခုခုဖြစ်နေတာလား..? "

" မဟုတ်ပါဘူး။
  ဒီအတိုင်း ကျို့အာက ဆေးစည်းထားသည့်
  သခင်ကြီး၏ မျက်လုံးအကြောင်းကို တွေးနေလို့ပါ။ "

‌ပြန်ဖြည့်ပြီးသွားသည့် ကြွေရေနွေးအိုးငယ်ကို လင်းရှအပူမလောင်မိအောင် ဂရုတစိုက်ဖြင့် စားပွဲပေါ်ကို ချလိုက်သည့်အချိန် လင်းရှက

" ကျို့အာ..
  မင်း နဂါးဂိုဏ်းကိစ္စအပြီးမှာ တွေဝေနေတာလား..?
  ဒီအကြံအစည်ကြီးကို.. ရွံမုန်းနေပြီလား..?  "

"  မဟုတ်ရပါဘူး..
   ကျွန်တော်က.. ဒီကိစ္စအပေါ် တွေဝေရမှာလား..?
   လရောင်နက်တောင်တန်းကြားကနေ
   သခင်ကြီးမောင်နှမက ကျိ့အာကို ကယ်လိုက်ပြီးတည်းက
   ကျို့အာက သခင်ကြီးအပေါ် အကြွင်းမဲ့ ယုံပြီးသားပါ။ "

ကျို့အာသည် လင်းရှ၏ အရှေ့မှာ ဒူးထောက်ပြီး ထိုသူ၏ရှည်လျားသည့် လက်ချောင်းတွေကို
ဆုပ်ကိုင်ကာ ပြောလိုက်သည်။
သူတို့နှစ်‌ယောက်ရှိရာ အခန်း၏ ဟိုအောက်ဆုံးရှိ ကျောက်တွေဖြင့် တည်ဆောက်ထားသည့် အခန်းထဲမှာ ကောင်လေးတစ်ယောက်က ပြင်ပလောကမှာ ဖြစ်ပျက်နေသည့် အရာအားလုံးကို မသိဘဲ အိပ်ပျော်နေကြသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now