Parallel ( Part 12 )

412 52 17
                                    

Unicode

" ဒီမှာ မင်းရဲ့ငွေတုံးတွေ။ "

ချန်ဖေးယွီသည် ထိုငွေထုပ်ကို
ဘယ်အချိန်၊ ဘယ်နေရာ၌ ပေးရမလဲ
စဉ်းစားနေရင်း တစ်ပတ်ခန့်ပင်ကြာသွားခဲ့သည်။

ထိုတစ်ပတ်အတွင်း၌
လော်ယွင်ရှီး၏ အခြေခံသည် အနည်းငယ်တိုးတက်သလို
သူတို့နှစ်ယောက်လဲ ရင်းနှီးလာခဲ့ကြသည်။

မနက်စာချက်နေတုံး အရှေ့စားပွဲပေါ်ကို ချန်ဖေးယွီသည်
ငွေထုပ်ကို ပစ်တင်လိုက်သည်။

" စစ်ကြည့်အုံး။
  ပြည့်ရဲ့လားလို့။ "

လက်မှာကပ်နေတယ့် ဂျုံမုန့်တွေကို
သူ၏ခါးစည်း၀တ်မှာ ပြောင်အောင် သုတ်လိုက်ပြီးနောက်ထိုအိတ်ကိုဖွင့်ကြည့်လိုက်တော့
ဟိုနေ့က သူငွေတုံးတွေ။
အိတ်ကလဲ သူ့အိတ်။
အိတ်အဖြူရောင်၏ညာဘက်ထောင့်မှာ
သူကိုယ်တိုင်ထိုးထားသည့် တောင်ဝှေးပန်းလေး။

" ဒါက... "

" ကျေးဇူးတင်စရာမလိုပါဘူး။
  နောက်ကျသာ ထပ်အဲလိုအလိမ်မခံရစေနဲ့။ "

ဘာမှ မပြောရသေးခင်
သူဘာသာပြောချင်တာတွေပြောပြီး ထွက်သွားသည့် ချန်ဖေးယွီ။

" ဘာတွေ လာပေးသွားတာလဲ ?? "

အနားက မုန်ညှင်းရွက်တွေကို လာယူသည့် ရှောင်ယန်က ချန်ဖေးယွီကို လှန်းကြည့်ပြီး မေးလိုက်သည်။
ချန်ဖေးယွီကတော့
ပြောင်းတစ်ခုဖြင့် မီးတောက်အောင်
မီးဖိုကို ကုန်း၍ တစ်ဖူဖူမှုတ်နေသည်။

မြွေမြွေချင်း ခြေမြင်သည့်ဟုဆိုမလား။
ထိုကောင်လေး၏ ခြေလှမ်းတွေကို မြင်နေသည်။
နောက်အာယွင်အပေါ် ကြည့်သည့် သူ၏မျက်လုံးအရိပ်တွေကို မကြိုက်။

" အာ့...
  ဘာမှမဟုတ်ပါဘူး။
  ဘာမှမဟုတ်ဘူး။
  မုန်ညှင်းယူမလို့မှတ်လား။
  ဒီမှာ... "

လော်ယွင်ရှီးသည်ဘေးကမုန့်ညှင်းတွေကို အမြန်လှန်းပေးလိုက်ရသည်။

အကိုကိုလိမ်ချင်လို့တော့ မဟုတ်ပါဘူး။
ဒီအတိုင်း သူအလိမ်ခံရတာ ကို မသိစေချင်လို့ပါ။

" ဘာာ!!!!!
  တောင်ကို ဆယ်ပတ်အတက်အဆင်း... လုပ်ရမယ်။ "

ဖုန်ထင်းရီသည် ရှောင်ယန်၏စကားအဆုံး
ကျယ်လောင်စွာ ထအော်လိုက်သည်။
ကျန်သည့် သုံးယောက်လဲ အနည်းငယ်‌ လန့်နေကြသည်။
တောင်တွေထဲမှာ အမြင့်ဆုံးတောင်ကြီးကိုလေ။
ဆယ်ခေါက်တောင်။

 Parallel ( မျဉ်းပြိုင် )Donde viven las historias. Descúbrelo ahora