Parallel [ part - 30 ]

166 26 5
                                    

Unicode

" ယွင်ရှီး.... "

သစ်သားကို လက်ဖြင့် ခေါက်သံနဲ့အတူ  သူ့နာမည်ခေါ်သံကို ကြားလိုက်ရသဖြင့် လော်ယွင်ရှီးသည် အိပ်နေရာကနေ ထထိုင်လိုက်သည်။ခြုံထားသည့် သားမွှေးပုံအောက်ကနေ ပြတင်းပေါက်ကို ထကြည့်လိုက်ချိန်မှာ အပြင်မှာ မိုးသည် စုံစုံချုပ်နေခဲ့ကာ သူတို့အုပ်စုတောင် ခရီးတထောက်နားသည့် နေရာကို ရောက်နေပြီဖြစ်သည်။
သူအချိန်တော်တော်ကြာ အိပ်ပျော်သွားခဲ့တာဘဲ။

" ညစာစားကြရအောင်... "

တစ်ရက်လုံး ရထားလုံးစီးလာရသဖြင့်
ရင်ထဲ နေလို့ မကောင်းသည့်အတွက် လော်ယွင်ရှီးသည် ချန်ဖေးယွီပြောစကားကို ငြင်းလိုက်သည်။

" အဲတာဆိုလည်း..
  ခဏလောက်တော့   
အောက်ဆင်းလာထိုင်ပါလား..? "

ဒီထဲမှာ နေနေရတာ သူကိုယ်တိုင်လည်း ငြီးငွေ့လာပြီမို့
ချန်ဖေးယွီပြောသည့်အတိုင်း အောက်ဆင်းလာခဲ့သည်။

သူတို့က လွင်ပြင်မှာ စခန်းချထားရတာမို့
လော်ယွင်ရှီး အအေးမခံနိုင်မှာကို စိုးရိမ်နေသည့် ချန်ဖေးယွီက အပေါ်ထပ်၀တ်ရုံတစ်ထည် ထပ်ခြုံပေးလိုက်ပြီး မီးပုံတစ်ခုအနားဆီကို ခေါ်လာခဲ့သည်။ ထိုမီးပုံနားမှာ တံစို့ထိုးထားသည့် အသားတစ်ချို့နဲ့ ကန်စွန်းဥတွေကို မီးကင်ထားသည်။

" အဲတာ.. ဘာအသားလဲ..? "

" သိုးသားလေ။
  သိုးကိုမှ မကင်ခင် အပေါ်ကနေ  
  ပျားရည်သုတ်ထားသေးတာ။
  စားကြည့်မလား..? "

တောင်ပေါ်မှာ အမြဲတမ်း
အဖြူထည်ဘဲ စားသည့် လော်ယွင်ရှီးအတွက် အရသာအထူးအဆန်းဖြစ်သွားပြီး အစားစားချင်လာ အောင် သူကိုယ်တိုင်
သေချာ စီစဉ်ခိုင်းထားခြင်းဖြစ်သည်။

လော်ယွင်ရှီကိုယ်တိုင်လည်း ထိုအသား၏ အရသာသိချင်နေသည့်အတွက် သူကို ကမ်းပေးနေသည့် ချန်ဖေးယွီလက်ထဲက အကင်တုတ်ကို လှန်းယူပြီး အရင် ခပ်သေးသေး တစ်ကိုက်ကိုက်လိုက်သည်။

" ဝါးးး... "

ပြောပြီး နောက်ထပ်တစ်ကိုက်ကိုက်လိုက်သည်။ သူဆီက တုန့်ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်နေသည့် ချန်ဖေးယွီက ဘယ်လို ကောက်ချက်ချရမလဲ မသိသည့် အတွက်..

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now