Parallel ( part 7 )

575 71 2
                                    

Unicode

အပြင်၌
ဓားအချင်းချင်းထိခတ်သံ၊
လေ့ကျင့်သံ၊ပန်းပဲဖိုမှ တူထုသံများဖြင့် ဆူညံနေသည်။
သို့သော် တိတ်ဆိတ်နေသည့် အခန်းတစ်ခု၌ ယောကျာ်းနှစ်ဦးက အရက်သောက်နေကြသည်။စားပွဲပေါ်နှင့်ကြမ်းပြင်၌
အရက်အိုးများ တစ်စတစ်စ ပြန့်ကြဲလာသည့်တိုင် စကားတစ်ခွန်းမှ မဆို။

နောက်ဆုံးတိတ်ဆိတ်ခြင်းကို ကြက်သွေးရောင်ဝတ်ရုံကို
ဝတ်ဆင်ထားသည့်လူက ‌ဖြိုခွဲကာ စကားဆိုလိုက်သည်။

" လောင်ဖန်
မင်း အာယွင် ကို
ဒီအတိုင်းဘဲထားတော့မှာလား။ "

ကြက်သွေးရောင်ဝတ်ရုံနှင့်သူသည်
အသောက်များပြီး အနည်းငယ် စိတ်တိုနေဟန်ရှိသော်လည်း
သူ့အရှေ့က အဖြူရောင်ဝတ်ရုံရှင်က
အဝေးတစ်နေရာကိုသာ ဝေးဝေးဝါးဝါး ငေးကြည့်နေသည်။

သို့သော် ထိုနေရာ၌ လေကြောင့် လှုပ်ရမ်းနေသည့် မိုးမခပင်တစ်ပင်သာ။
သူသည် ထိုမိုးမခပင်ကိုကြည့်နေသလား။
စိတ်သည် တိုက်ခတ်နေသည့်လေနှင့် အတူ လွင့်‌မျောနေသလားက သူကိုယ်တိုင်ပင် သိလိမ့်မည်။

ကြက်သွေးရောင်ဝတ်ရုံရှင် ရည်ညွှန်းသည့် သူက
မိုယွမ်းတောင်သခင်လေး လော်ယွင်ရှီဖြစ်ပြီး ထိုဝတ်ရုံရှင်ကတော့
ကျန်ချင်တောင်သခင် ‌လော်ဝမ်ရှီ။
အရှေ့က သေရည်ကို ရေသောက်သလို
သောက်နေသည့် သူက မိုယွမ်တောင်သခင်
တစ်မိုးအောက်တစ်ယောက်ထွန်းဆိုတာ ဘယ်သူယုံကြည်မလဲ။

ကျင့်ကြံသူတိုင်း၏မျက်လုံးထဲ၌
မိုယွမ်တောင်သခင်သည်
တည်ကြည်၊ဖြောင့်မတ်၊အကျင့်သိက္ခာပြည့်စုံ၊စိတ်အားထက်သန်သည့်သူဖြစ်ကာ အမတနတ်ဘုရားသခင်ကြီးမှ
သူတို့အား လမ်းပြဖို့စေလွှတ်လိုက်သည့် သူဟုမှတ်ယူထားကြသည်။

သို့သော်
ယခုမျက်စိအရှေ့မှ မိုယွမ်သခင်ကတော့ အရက်ကိုသာတစ်စိုက်မတ်မတ်သောက်၍ ဝိညာဉ်ပျောက်သည့်သူကဲ့သို့ ညဉ့်နက် အိမ်မက်ထဲ လမ်းလျှောက်နေသည့်သူကဲ့သို့ လေလွင့်နေသည်။

အခန်းသည် အရင်ကလို ခတ္တပြန်လည်တိတ်ဆိတ်သွားသည်။
မိုယွမ်အရှင်သည် သေရည်ခွက်ကို ဖြည်ရင်း

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now