Parallel [ part - 28 ]

160 27 4
                                    

Unicode

အရင်က အဖြူရောင်တူညီ၀တ်စုံတွေဖြင့် စာသင်သားတွေရှိနေသည့် နေရာမှာ အခုတော့ သုံးနိုင်ငံက စစ်သည်တွေ၊ ဇာမဏီဂိုဏ်းက တောင်သခင်တွေနဲ့ လော်ယွင်ရှီး မသိသည့် သူ တွေအများအပြား ရောက်နေကြသည်။ တပ်သားတွေက အထက်လူကြီးတွေ၏ အမိန့်ဖြင့် အလောင်းတွေကို ပိတ်အဖြူစဖြင့် ရစ်ပတ်ကာ စီနေသည်။ ဒါပေမဲ့ ဂိုဏ်း၏ ပင်မမိသားစုက ရုပ်အလောင်းကိုးလောင်းကိုတော့ သေချာသန့်စင်ပြီး  ဘိုးဘွားဆောင်ထဲမှာ တန်းစီ ပြင်ဆင်ထားသည်။
တောင်သခင် လော်၀မ်ရှီကတော့ အမြုတေကြွေသွားပြီး တစ်ကိုယ်လုံး အရိုးတွေ ကျိုး‌နေခဲ့တာတောင် အသက် ရှကျန်နေခဲ့သည်။ ဒါပေမဲ့ သတိမရသေးဘဲ အိပ်ရာထဲ မှာ လဲနေသည်။  လော်ယွင်ရှီးသည်လည်း  ပြင်ပမှာ ဖြစ်ပျက်နေသည်ကို ဂရုမစိုက်ဘဲ ထိုရုပ်ကလပ်တွေဘေးနားမှာ ကျုံကျုံးလေး ဘာမှမစား၊ စကားလည်း မပြောဘဲ ထိုင်နေခဲ့တာ နှစ်ရက်တောင်ကြာသွားခဲ့ပြီဖြစ်သည်။

ချန်ဖေးယွီက လော်ယွင်ရှီးကိုယ်စား နောက်ကိစ္စတော်တော်များများကို တာ၀န်ယူပြီး လုပ်ကိုင်ပေးနေသည်။ ကျန်ရစ်မိသားစုတွေ၏ ငိုယိုသံတွေ၊ အလောင်းတွေကကျတယ့် သွေးတွေ၊ အ၀တ်ဖြူတွေကို ဆက်တိုက်မြင်တွေ့နေရသည့်အတွက် သူ့စိတ်တွေသည် နှောက်ကျိနေသည်။အနီးရှိ စစ်သူကြီးကို လုပ်စရာရှိတာတွေ ညွှန်ကြားနေရင်း အနောက်ကနေ တစ်စုံတစ်ယောက်က ဖက်လိုက်သည်။

" ကောကော... "

ချန်ဖေးယွီသည် အနောက်ကို လှည့်ကြည့်လိုက်သည့်အခါ
သူကို လိုက်ကပ်တွဲနေသည့် ယန်ယွီ။
ဟိုမြေခွေးအမတ်ကြီးရဲ့ သမီး။
သူက အခုချိန်
ဇာမဏီဂိုဏ်းမှာ ပညာသင်နေတာလေ။
ဘယ်လို...
ဇာမဏီဂိုဏ်းက တစ်ချို့သူတွေလည်း
ဒီပွဲမှာ အသတ်ခံလိုက်ရတာကြောင့်လား..?

ချန်ဖေးယွီသည် သူကို ဖက်ထားသည့်
သူမ၏ လက်တွေကို ဖယ်ထုတ်လိုက်သည်။

" ကောကောကို လွမ်းနေတာ...
  ကောကော.. ဒီလိုအဖြစ်ဆိုးကြီးနဲ့
  ကြုံတွေ့ရတာ တကယ်လန့်သွားမှာဘဲနော်..
  နဂါးဂိုဏ်းရဲ့ နောက်ဆုံးကျန်ခဲ့တယ့် သူတွေရှိတယ်ဆို..
  သူတို့ကို နောက်မှ အဖေကို ပြောပြီး
  စုပေါင်းခုံရုံးတင်၊အပြစ်ပေးခိုင်းရမယ်။
  မီးနိုင်ငံ၏ အိမ်ရှေ့စံထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..? "

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now