Parallel ( part 6 )

719 60 3
                                    

Unicode

Unicode

Unicode

Unicode

" အာယန်...!!! "

" ဆရာကြီး...!! "

" ပါး..!!!! "

ယပ်တောင်တခတ်ခတ်ဖြင့်  ဒီဘက်ကို လျှောက်လာတယ့်လော်ရှီဖန်။ သူ့၏မျက်၀န်းအစုံကမွဲခြောက်ပေမဲ့ အရောင်တစ်မျိုးကိုပိုင်ဆိုင်ထားဆဲ။
လော်ယွင်ရှီး၏ ဖြောင့်တန်းသည့်နှာတံနှင့်
မည်းနက်နေသည့် မျက်ခုံးသည် သခင်ကြီး၏ အမွေဖြစ်သည်။
မျက်လုံးအစုံက အသက်ကင်းမဲ့နေပေမဲ့ တည်ကြည်မှုရှိသည်။
အဆင်တန်ဆာအနေဖြင့်
ခေါင်း၌ သစ်သားဆံထိုးတစ်ခုသာ ဆင်မြန်းထားသည်။

" ရှီအာ
  အကိုကြီးကို ဒုက္ခပေးပြန်ပြီလား? "

ရှောင်ယန်က ငြင်းဆ်ိုသည့် သဘောဖြင့် အရိုအသေပေးကာ

" မဟုတ်ပါဘူး ဆရာကြီး
  ကျွန်တော်ကသာ  သခင်လေးကို ဒုက္ခလာပေးတာပါ။ "

" ငါ့သားကို ဒုက္ခပေးပြီးရင် တပည့်တွေကိုဒုက္ခသွားပေးလိုက်အုံး။ "

" တပည့်..?? "

" ဒီနှစ်ကတော့ မိုးကျရွှေကိုယ်တွေကြီးဘဲ။
  တပည့်အသစ် သုံးယောက်က
  အကုန် ဆောင့်ကြွားကြွားတွေကြီးဘဲ။
  ဒီမှာ နာမည်စာရင်း "

မဲနယ်ရောင်စာလိပ်ကို ဆရာကြီးက  ရှောသ်ယန်အား ကမ်းပေးပြီး

" မနက်ဖြန်မှ စမယ်။
ဒီနေ့တော့ မင်းတို့ဘဲ ကြည့်လုပ်လိုက်။
သူတို့ ‌မင်းကို စောင့်နေတယ်နော်။ "

ရှောင်ယန်သည် မျက်စိအစုံပြူးသွားပြီး

" ဆရာကြီး
  သွားမခေါ်ရသေးဘူးလား?? "

" အဲတာ ငါအလုပ်မှမဟုတ်တာ... "

တောင်သခင်သည် တစ်လှန်းချင်း
ဒီနေရာမှ အေးဆေး ထွက်သွားသည်။

" ဆရာကြီးကတော့ လုပ်ပြန်ပြီ။ "
  
##############

အခမ်းအနားပြီးဆုံး၍
သက်ဆိုင်ရာ တပည့်ခေါင်းဆောင်တွေက
‌တပည့်အသစ်တွေကို ခေါ်ဆောင်သွားကြလို့ နေစောင်းနေပြီ။
အခုကွင်းတစ်ခုလုံးမှာလည်း သူတို့လေးယောက်ဘဲ ကျန်ခဲ့သည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now