Chapter - 33

203 24 1
                                    

[Unicode]Unicode

" မသောက်ဘူး...  မသောက်ဘူး.. "

ဧကရာဇ်၏ နဂါးနန်းဆောင်ထဲကနေ ငြင်းဆန်သည့် အသံတွေထွက်လာသည်။လော်ယွင်ရှီးသည် သူကိုယ်သူ ကာကွယ်သာ့်အနေဖြင့် စောင်ပုံထဲမှာ တစ်ကိုယ်လုံးကို ဝှက်ထားပြီး ဆေးသောက်ဖို့ အတင်းငြင်းဆန်နေကာ ချန်ဖေးယွီသည် ဆေးခွက်ကိုင်ပြီး ဆေးတိုက်ဖို့ ကြိုးပမ်းနေသည်။လော်ယွင်ရှီးသည် အရင်တည်းက ဆေးသောက်ရမယ်ဆို အတင်းကို ထွက်ပြေးနေတာကြောင့် သူ့ဒေါ်လေးက ဆေးကို ချိုအောင် နွယ်ချိုတွေပါ ကြိတ်ပြီး ဆေးထဲ ထည့်ပေးခဲ့တာ...

အခု သူကို သောက်ဖို့ဆိုပြီး နန်းတွင်းသမားတော်ပေးတယ့် ဆေးတွေက ကြည့်လိုက်ရုံနဲ့တင် ခါးတူးပြီး သောက်မကောင်းမယ့်ပုံကြီး...

" ယွင်ရှီးကလည်း...
  နည်းနည်းလေး.. ဘဲ သောက်ရမှာလေ။ "

" မသောက်ဘူးဆို... မသောက်ဘူးဘဲ..
  ဆေးတွေကကြည့်ရတာ ခါးမယ့်ပုံကြီး... "

" မခါးပါဘူး.. ယွင်ရှီးရယ်..
  ခါးမှာ ကြောက်ရင်
  သောက်ပြီးရင် သကြားလုံးလေး စားလေ။ "

ချန်ဖေးယွီသည် သူ့လက်ထဲက ဆေးခွက်ကို အနည်မထိုင်အောင် မွှေနေရင်း တစ်ဖက်က သူ၏ ကလေးဆိုးကြီးကို ဆေးသောက်အောင် ချော့ မော့နေရသည်။

" ယွင်ရှီး... "

" မသောက်ဘူး.. "

"  တကယ်လား... "

" လုံး၀မသောက်နိုင်ဘူး... "

လော်ယွင်ရှီးသည်
ချန်ဖေးယွီကို မသောက်နိုင်ဘူးဆိုတာကို
ခပ်တင်းတင်းဘဲ ငြင်းလိုက်ကာ ‌
စောင်ပုံထဲမှာဘဲ ခွေအိပ်နေခဲ့သည်။
အချိန်အတော်ကြာသည့်အထိ ချန်ဖေးယွီ၏ အသံကို ထပ်မကြားရတော့သည့် အတွက် စောင်ပုံထဲကနေ ထထိုင်ပြီး အပြင်ကို စောင်ခဏခွာကာ ချောင်းကြည့်လိုက်ချိန် ထိုအခွင့်အရေးကို စောင့်နေသည့် ချန်ဖေးယွီသည် လော်ယွင်ရှီးကို ချုပ်သလို ဖက်ထားလိုက်ပြီး နမ်းလိုက်ကာ ပါးစပ်ချင်းဆေးတိုက်လိုက်သည်။

လော်ယွင်ရှီးသည် သူပါးစပ်ထဲ ၀င်လာသည့် ဆေးခါးတွေကို ပြန်ထွေးထုတ်ချင်ပေမဲ့ ချန်ဖေးယွီက သူ့နှုတ်ခမ်းတွေကို ဖိထားတာကြောင့် မမျိုချချင်ဘဲ မျိုချလိုက်ရသည်။
ဆေးတွေ ကုန်တာ သေချာသွားပြီဆိုမှ ချန်ဖေးယွီသည် လွှတ်ပေးလိုက်သည်။

 Parallel ( မျဉ်းပြိုင် )Onde histórias criam vida. Descubra agora