Parallel ( part 14 )

396 60 3
                                    


Unicode

" ငါတို့ကို ခေါ်တာ ဒီလိုရောင်းခိုင်းဖို့လား?? "

အခုနေ
သူ့တိုင်းပြည်က လူတစ်‌ယောက်ယောက်သာ
သူကို ဟင်းရွက်တွေ၊တောင်းတွေပလုံးတွေကြားထဲ တွေ့ပါက
သူ၏ အိမ်ရှေ့မင်းသားဆိုသည့် ရုပ်ပြက
ဖန်ပုလင်းကျကွဲသကဲ့သို့ အစိတ်အမွှာမွှာကျကွဲသွားလောက်ပြီ။

ခေါလို့ လိုက်လာပေမဲ့
တောင်ပေါ်ကတည်းက သူတို့ကို ဟင်းသီးဟင်းရွက်တွေအပြည့်ထည့်ထားတယ့် တောင်းကို တစ်ယောက်တစ်တောင်းရွက်ခိုင်းသည်။
အခုကျတော့လည်း ဈေးပါရောင်းခိုင်းနေပြီ။

ဒီတောင်ကြီးက ဘာလိုပညာသင်တယ့်တောင်ကြီးလဲ????
ပညာသင်ကြေးလဲ မယူသည့်အပြင်
လူကိုလည်း ခိုင်းစားသေးသည်။

" ဒီဘက်မှာ အသီးအရွက်စိမ်းစိမ်းစိုစိုလေးတွေ ရမယ်။
အိမ်မှာသုံးဖို့ ခြင်းတွေရမယ်နော်။ "

တကျော်ကျော်အော်နေသည့် Luo Yunxi။
သူကြည့်ရတာ တော်တော်ကြီးကို ပျော်နေသည့်ပုံဘဲ။
အကျီလက်ရှည်တွေကိုတောင်
ပခုံး၌ ကြိုးတစ်ချောင်းဖြင့် စုချည်ထားပြီး အသံတစ်ဆဆဖြင့် ‌ဈေးရောင်းနေသည်။

ဈေး၀ယ်တယ့် သူတွေကလည်း မိန်းခလေးတွေကြီးဘဲ။
ဟင်းသီးဟင်းရွက်နဲ့ တောင်းတွေလာ၀ယ်ရင် ဟင်းသီးဟင်းရွက်နဲ့တောင်းကို ကြည့်ပေါ့။
အခုတော့ လက်ကသာရွေးနေတာ။
မျက်လုံးတွေက
လော်ယွင်ရှီးမျက်နှာနားမှာဘဲ တစ်ဝဲလည်လည်နဲ့။
တော်တော်ကို အရှက်မရှိတယ့် မိန်းခလေးတွေ။
ငါ့ညီမတွေသာဖြစ်ကြည့်ပါက
အရိုက်ခံရတာနဲ့တင် သေသွားပြီ။

သူတို့ဘေးနား၌လည်း
အသီးအရွက်နှင့် ခြင်းတောင်း ဆိုင်တွေရှိပေမဲ့ သူတို့ဆိုင်မှာဘဲ လူတွေက အုံနေသည်။
အကုန်လုံးက ဝိုင်းရောင်းနေကြတာတောင် လက်မလည်နိုင်။

အင်းလေ။
အဲမိန်းမတွေက ပစ္စည်းလာ၀ယ်တာမှမဟုတ်တာ။
ကြေးပြားတစ်ပြားစာလောက်ပေးပြီး
နတ်ဘုရားထက်ချောတယ့် ကောင်လေးတွေကို တစ်စုတစ်စည်းတည်း လာငမ်းနေကြတာလေ။

ချန်ဖေးယွီက သူတို့ကို စိတ်ကုန်သလို ကြည့်လိုက်ပြီး
အနောက်က ကျောက်လက်တန်းပေါ်မှာ အိပ်နေသည်။
နာရီ၀က်လောက်လဲကြာရော
ရှိသမျှပစ္စည်းတွေ တစ်ခုမကျန်ကို ရောင်းကုန်သွားသည်။
အဲတာတောင် မိန်းခလေးတွေက ထပ်လာနေတုံးရှိသေးသည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now