Parallel ( Part 9 )

403 59 36
                                    

Unicode

ဆရာကြီးက သူတို့လေးယောက်
တန်းစီနေသည့်တိုင် စကားမပြောသေး။
နောက်မှ ဘေးက ရှောင်ယန်ကို ခေါ်ပြီး

"  ရှောင်ယန် "

"  ဟုတ်ကဲ့ပါ ဆရာကြီး  "

" ငါတို့တောင်ရဲ့ စည်းကမ်းတွေကဘာလဲ?? "

ဆရာကြီး၏ မျက်နှာကို ရှောင်ယန်သည် အသီးအရွက်လှီးနေရာက  အူကြောင်ကြားဖြင့် ပြန်ကြည့်လိုက်သည်။

* ဆရာကြီးက ဘယ်တုံးက 
  တောင်စည်းကမ်းတွေထုတ်လိုက်တာလဲ *

"  အဟမ်း!!!
   မင်းတို့လေးယောက်က
   ဒီမှာ အငယ်ဆုံးတပည့်တွေ။
   မင်းတို့ရဲ့ဆရာတူအကိုက
   မနက်စောစော ထရင်
   မင်းတို့လဲ ထရမယ်။ 
   မင်းတို့က မိုယွမ်တောင်က တပည့်ဖြစ်သွားပြီး။
   မင်းသားတွေ မဟုတ်တော့ဘူး။
   ဒီမှာက ကိုယ့်တာဝန်ကိုယ်ယူကြရတယ်။
   အခု မင်းတို့လေးယောက်  
  မနက်စာချက်တာကို  ဝိုင်းကူလိုက်ကြ။
   နောက်နေ့တွေကျ အလှည့်ကျပေါ့ ။
   စည်ရှည်သံတစ်ချက်နဲ့
   စည်တိုသံ နှစ်ချက် ( ၇နာရီ )ကျရင်
   လေ့ကျင့်ရေးကွင်းကို လာခဲ့ကြ။ "

လော်ရှီဖန်သည် သူပြောစရာရှိတာတွေကို မရပ်မနားပြောပြီး ထွက်သွားသည်။

ဆရာကြီးကတော့
ချန်ဖေးယွီတို့လေးယောက်ကို ဘာရယ်မဟုတ်ဘဲ  မနက်စာချက်ခိုင်းလိုက်တာဘဲ။
ရှောင်ယန်နဲ့ လော်ယွင်ရှီးက
မီးဖိုချောင် မီးမလောင်စေရန် ဆုတောင်းနေသည်။
လော်ယွင်ရှီး မီးဖိုချောင်ထဲဝင်လာတော့ ဖြစ်ပျက်နေလိုက်ကြတာ။
ကောင်းကောင်းမွန်မွန်
ချက်တတ်သည်မှာ လီကျင်းစီဘဲရှိသည်။
ကျန်သည့် သုံးယောက်က မီးဖိုထဲဝင်ပြီး သိုင်းချသလား ထင်ရသည်။

"  အဲမှာ..
   ပြားစမ်း... !!!
    ပြားစမ်း.. !!!!!   "

" နားညီးတယ် !!!!!!
   မင်းပါးစပ်ထဲကို...
   ငရုတ်သီး ထည့်ထောင်းလိုက်မယ်။
   ပါးစပ်ပိတ်ပြီး.. လုပ်စရာ ရှိတာလုပ်.... "

ကြက်သွန်ဖြူဓားပြားရိုက်နေတာကို အဘွားကြီးအီးပေါက်သလို ပွစိပွစိ ထိုင်ပြောနေသည့် ဖုန်ထင်းရီကို
ချန်ဖေးယွီက ငရုတ်သီးထောင်းနေရာကနေ  လှမ်းအော်လိုက်သည်။

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now