Parallel ( part 3 )

1.2K 106 4
                                    

Unicode

ရွှေးချယ်ပွဲအပြီး၌
ဇာမဏီဂိုဏ်းနှင့် နဂါးဂိုဏ်းမှ ကျင့်ကြံသူပုဂ္ဂိုလ်များသည်
တစ်ဦးနှင့်တစ်ဦး အာလပသလာပ ပြောနေသည်။
ထင်ရီကတော့  ကျင့်ကြံသူအပျိုချောချောတွေကို မိတ်လိုက်ဖွဲ့နေသည်။
ယင်းယန်အတွဲကလည်း ဘယ်ရောက်သွားမှန်းမသိလိုက်။‌

အပိုအလုပ်‌မကြိုက်သောချန်ဖေးယွီက
သူကို လာမိတ်ဆက်မှာစိုးလို့ လူရှင်းသည့်တစ်နေရာသို့ထွက်လာခဲ့ရာမှ
ထိုနေရာ၌ ပေါက်စကို တွေ့လိုက်ရသည်။
ပေါက်စသည်လည်း လူရှုပ်သည့် ဒဏ် မခံနိုင်ဟန်တူသည်။သူ့ယပ်တောင်လေးတစ်ခတ်ခတ်ဖြင့် လမ်းလျှောက်နေသည်။
အနားကိုလျှောက်သွားသည့်တိုင် သတိမပြုမိသည့်အတွက်
အရင်စ၍မိတ်မဆက်ဖူးသော အိမ်ရှေ့စံကဘဲ

" ဟောဒီက သခင်လေး
  နှုတ်ခွန်းဆက်ပါတယ်။ "

ချန်ဖေးယွီဘက်မှ စ၍ နှုတ်ဆက်သော်လည်း
တစ်ဖက်က အသိအမှတ်ပြုသည့် အမှုအရာမှတစ်ပါး ပြန်ပြီးနှုတ်ဆက်ရန် အလားအလာမရှိ။
သူက နာမည်ကို သိချင်နေသည့်အတွက်

" ကျွန်တော်က နဂါးဖြူဂိုဏ်းမှ
  ပညာသင်ကြားခွင့်ရရှိသည့် ချန်ဖေးယွီဖြစ်ပါသည်။
  ဟောဒီက သခင်လေးက ??????  "

" ...... "

ကြည့်နေရင်း
ဒီလောက် အကြောတင်းလွန်း‌သည့် ကောင်လေးကို အစိမ်းလိုက်မျိုချချင်စိတ်တွေပေါက်လာသည်။

#လော်ယွင်းရှီ၏စိတ်ထဲ၌#

အခုအခြေအနေက ထူးဆန်းနေတယ်။
ဒီနှာဘူးကြီးနဲ့ ဆက်မနေနိုင်တော့ဘူး။
လူကို ဝါးစားမတတ် ကြည့်နေရုံတင် မကဘူး။
အခုနာမည်ကိုပါ လာမေးနေတယ်။
အေးအေးဆေးဆေးဆေး‌ နေခွင့်မပေးနိုင်ဘူးလာ....!!!!

တစ်ယောက်ကလည်း နာမည်ပြောပြဖို့ အစီအစဉ်မရှိ။
နောက်ချန်ဖေးယွီကျတော့လည်း
နာမည်မသိရမချင်း မသွားဘဲ ပေရပ်နေသည် ။
ကြောင်တောင်တောင် အနေအထားသည်
အခုတိုင်း ဆက်သွားမှာ စိုးသည့်အတွက်

" ကျွန်တော်က နဂါး၀တ်ရုံဖြူဂိုဏ်းက လော်ယွင်ရှီးပါ
  တွေ့ရတာ ၀မ်းသာပါတယ်။ "
အခုတော့ သွားခွင့်ပြုပါအုံး

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now