Parallel ( Part 10 )

455 64 15
                                    

[Unicode]

ချန်ဖေးယွီသည်
သူ့လက်တစ်ဝါးစာလောက်ရှိသည့် စာရွက်ခေါက်ကို ဖွင့်ဖတ်လိုက်တော့

ကောင်းကင်ဘုံ၏ အလိုတော်အရ
မီးတောက်သည် တစ်ရှိန်ထိုး လောင်ကျွမ်းပြီး
ဇာမဏီသည်
ကောင်းကင်ယံထက်၌ ကြီးစိုးလိုက်မယ်။
အရေးတော်ပုံကြီး အောင်ပါစေ။

 ဖတ်ပြီးပြီးချင်း စာကို မီးရှို့ဖျက်ဆီးလိုက်သည်။
အခု အရာရာအားလုံးသည် သူ၏ ပခုံးထက်၌ ရှိနေသည်။
အောင်မြင်မလား??
ကျရှုံးမလား??
ဖြစ်ပေါ်လာမည့် အရာတိုင်းသည်
သူ၏အနာဂတ်ကို ပြောင်းလဲစေနိုင်သည်။

သူဘက်သို့ လျှောက်လာသည့်
ခြေသံအချို့ကို ကြားမိလိုက်သည်။
ပထမက သူပျောက်သွားသည့်အတွက်
ဟိုသုံးယောက် လိုက်ရှာနေသည်ဟု ထင်သော်လည်း
ခြေသံသည် ဖျော့လွန်းသည်၊
ကိုယ့်ဖော့သိုင်းကို အသုံးပြုခြင်းမရှိဘဲ
လျှောက်လာသည့် ခြေသံသည်
သာမာန်ထက် တိုးလွန်းသည်
မြေပြင်ကို ထိသံပင် မထွက်ပေါ်။
ထိုကဲ့သို့သော ခြေလှမ်းမျိုးကို
ဆရာကြီးအချို့သာ အသုံးပြုနိုင်သည်။
ဘေးပတ်လည်က အတွင်းအားကို
အာရုံခံကြည့်သော်လည်း
ထူးထူးခြားခြား မတွေ့ရ။
သာမန်ထက် ထူးသည့် သူ၏အကြားအာရုံကြောင့်သာ
ခြေသံကို ကြားရခြင်းဖြစ်သည်။

အနီးနားက သစ်ပင်တစ်ပင်အပေါ်တက်ပြီး
အခြေအနေကို စောင့်ကြည်နေသည်။
လုပ်ကြံသူဆိုရင် လူတွေမသိခင်
အစဖျောက်လိုက်တာ အကောင်းဆုံးဘဲ။
ဒီလိုနယ်မြေကိုတောင်
လုပ်ကြံသူလွှတ်ရဲတယ့် အုပ်စုကို အံဩမိသည်။
ထီးနန်းရဖို့ မလုပ်ရဲတာ မရှိပါလား။
ထိုအညီအဟောက်တွေ၊
လိမ်လည်မှုတွေ၊
မျက်ရည်တွေ၊
သွေးတွေနဲ့ ဖွဲ့စည်းထားတယ့်ပုလ္လင်ကို အဲလောက်လိုချင်သူပေါများလှသည်။

ထိုသူသည် ကံဆိုးတာလား??
သူကဘဲ ဒီနေ့ကံကောင်းလွန်းသလား??

အဲတာကြောင့် ရှေးပညာရှိတွေက
စောင့်ဆိုင်းရသည့်သူကို
မစောင့်ဆိုင်းသည့် အချိန်၊
မမျှော်လင့်သည့် နေရာ၌ တွေ့အံ့ ပြောခဲ့ကြခြင်းဖြစ်မည်။

သူမျှော်နေသည့်သူသည် ဆိုက်ဆိုက်မြိုက်မြိုက်ကို
သူရှိသည့် သစ်ပင်အောက်သို့ ရောက်လာသည်။
ထိုသူသည် နှစ်ခါပြန်‌မေးစရာမလိုသည့် လော်ယွင်ရှီးဖြစ်သည်။
စာအုပ်တစ်အုပ်နှင့်
သစ်သားဓားတစ်ချောင်းကိုကိုင်ပြီး အပင်အောက်ရောက်လာသည်။
ဓားကို မြေပြင်ပေါ်ချပြီး
ထိုင်ချလိုက်သည်။
လက်ထဲက စာအုပ်ကို ဖွင့်လိုက်ပြီး

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now