Parallel [ Part 17 ]

307 48 6
                                    

Unicode

" ရောက်ဖို့ ...
ဘယ်လောက်မှ.. မလိုတော့ဘူးပေါ့။ "

" အင်..!!!!
သုံးနာရီလောက်...အပြင်းနှင်ရင်
အဲမြို့ကို ရောက်ပြီ...။ "

ရှောင်ယန်က မီးပုံထဲကို
ထင်းထပ်ထည့်ရင်း ပြန်ဖြေလိုက်တယ်။
ခရီးဆက်သွားဖို့
အလင်းရောင် မရှိတော့သည့်အတွက်
လမ်းမှာ ခဏနားနေကြခြင်းဖြစ်တယ်။

တစ်ခါမှ မမြင်ဖူးသည့် တပည့်မတစ်ယောက်က
ရှောင်ယန်ကို မယုံသည့် သဘောဖြင့်

" နောက်သုံးနာရီဆို...
ရောက်နေတယ့် ကိစ္စကို
ဘာကိစ္စနားနေကြသေးတာလဲ...???
အလကား..!!!!!
အချိန်ကို... မလေးစားတတ်ဘူး။ "

သူစကားကို တပည့်အငယ်တွေက
ဟုတ်သား ဘဲ ဘာညာနဲ့ အချင်းချင်း ထောက်ခံသွားနေကြသည်ကို ‌
လော်ယွင်ရှီးတို့က ပြုံးနေမိသည်။

မနေနိုင်သည့် လော်ချင်ဖန်ကဘဲ
သူ့တောင်က တပည့်မရဲ့ မိုက်မဲမှုကြောင့်
အရှက်ရသွားသည့် ပုံဖြင့်

" မင်း.. တိတ်တိတ်နေစမ်း။
အခုချိန်.. အဲမြို့ထဲ၀င်သွားပါလား..????
အလောင်းကောက်ဖို့....
အိတ်တောင်မလောက်ဘဲ...ဖြစ်သွားမယ်။ "

လော်ချင်းဖန် ပိတ်ဟောက်လိုက်မှ
ထိုအုပ်စုက ငြိမ်ကြသွားပြီး
စားစရာရှိတာကို စားနေကြသည်။

" ရော့ ..!!!!! "

ချန်ဖေးယွီက
သူတိူ့စကားပြောနေသည်ကို စိတ်မ၀င်စားဘဲ ကန်စွန်းဥတွေကို ထိုင်အခွံနွှာနေပြီး
လော်ယွင်ရှီးလက်ထဲကို
နွှာပြီးသား ကန်စွန်းဥတစ်ချို့ လာထည့်ပေးသွားသည်။

" ဒါတွေက..???? "

" အော်.!!!
ငါစားဖို့.. ခွာနေရင်း..
ဗိုက်မဆာတော့လို့။
အဲတာ. မင်းဘဲ စားလိုက်တော့။ "

မစားရင် ထခွံတော့မယ်ပုံနဲ့
အတင်းတွေ ကျွေးနေသည့်
ချန်ဖေးယွီကြောင့်
မြန်မြန် တစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။

" အား..!!!!!
ပူတယ်.!!!!!! "

‌ဖြစ်ချင်တော့
လော်ယွင်ရှီး ကောက်စားလိုက်တယ့် အတုံးက
စောစောကမှ မီးပုံထဲက ထုတ်လာတယ့် အလုံးဖြစ်နေတယ်။
ပါးစပ်ထဲရောက်မှ ပူနေမှန်းသိသွားတော့
တရူရူနှင့် ထအော်မိသည်။
လော်ယွင်ရှီးထအော်သံကြောင့်
စားသောက်နေရင်း လန့်သွားကြသည်။

 Parallel ( မျဉ်းပြိုင် )Onde histórias criam vida. Descubra agora