Parallel (part 1 )

5.7K 236 8
                                    

Unicode

Unicode

ကမ္ဘာကြီးကို
မြေ ရေ လေ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့တည်ဆောက်ထားတယ်။
အဲ့ဒီသဘာ၀တရားကြီးကို ထိန်းချုပ်နိုင်တယ့် နတ်တွေ နတ်သားတွေလည်း အသီးသီးရှိကြသည်။

မျိုးနွယ်စုလူသား‌တွေကဓာတ်သဘောသဘာ၀တွေ
ကို ယုံကြည်ကိုးကွယ်လာခဲ့တဲ့ အချိန်ကစပြီး
မျိုးနွယ်စုသားတွေကို အမတဘုရားသခင်က စွမ်းအားများပေးသနားခဲ့သည်။

မြေ ရေ လေ မီး ဆိုတာ သင့်မြတ်အောင်နေရ၏
တစ်ခုခုက ဖောက်ပြန်ခဲ့လျှင် ကမ္ဘာသည်ပျက်စီးလိမ်မည်။

ဤအတွက်
အမတနတ်ဘုရားသခင်နှင့် သက်ဆိုင်ရာနတ်ဘုရားတွေက ငြိမ်းချမ်းရေးကိုအရမ်းအလေးပေးကြပြီး
ညီညွှတ်အောင် ထိန်းသိမ်းဖို့
ရှေးဟောင်းအမတမျိုးနွယ်ဖြစ်တဲ့ ‌
နဂါးမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်ကို
အမတပြည်မှ ကျင့်ကြံခြင်းလောကသို့သက်ဆင်းစေပြီး

မျိုးနွယ်လေးခုကို အမတနတ်ဘုရားအဖြစ်
ရောက်ရှိရန်လိုအပ်သည့် ပညာရပ်အစုစုကို သင်ကြားစေခဲ့သည်။

နဂါး၀တ်ရုံ ဖြူ ဂိုဏ်းနဲ့

ဇာမဏီဝတ်ရုံစိမ်းဂိုဏ်း

အဲ့ဂိုဏ်းနှစ်ဂိုဏ်းသည် သူတော်စင်အမည်ခံယူကာ မျိုးနွယ်စုသားများကို ပညာသင်ကြားပေးလေသည်။

သူတို့ ငြိမ်းချမ်းစွာနေလာရင်း အချိန်တော်တော်ကြာမှာ

မီးမျိုးနွယ်စုအတွင်း
ညီအကိုကြား နန်းလုပွဲပေါ်ပေါက်လာပြီး နန်းတွင်းမှာ‌သွေးချောင်းစီးသတ်ဖြတ်ပွဲ ဖြစ်ပေါ်လာ၏

အကို ဘုရင်ချန်ဟော် ကိုသတ်ပြီး
ညီဖြစ်သူ ချန်‌ရီဖေး နန်းတက်လာသည့်အခါ
မီးနိုင်ငံတော်သည် မျိုးနွယ်စုလေးခုအတွင်း
အင်မတန် အင်အားကြီးမားလာကာ
သူတို့၏ငြိမ်းချမ်းရေးကို ထိပါးလာလေ၏။

သို့သော်
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ
ဘုရင်ချန်ဟော်နှင့် ‌‌မိဖုရားခေါင်ကြီးလုကျား၏ ၂လအရွယ်သားတော်တစ်ပါး
လွှတ်မြောက်သွားခဲ့သည်ကို မည်သူမှ သတိမထားမိကြ

 Parallel ( မျဉ်းပြိုင် )Where stories live. Discover now