အခန်း206

202 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၆ လုပ်ကြံ သတ်ဖြတ်ရေး စာရင်းသုံးခု

ထိုစကားကိုကြားတော့ အားလုံးက လုဇြီကို ထူးဆန်းသလို လှည့်ကြည့် လာကြသည်။ ထိုစစ်ပွဲတွင် လုဇြီရဲ့ လုပ်ဆောင်နိုင်မှုတွေကို သူတို့သိကြသည်။ ဗဟိုအစိုးရကိုတောင် သူ့အကြောင်းချည်း သုံးကြိမ် တင်ပြခဲ့ရသည် မဟုတ္လား။ လူတိုင်းက သတင်းကို သိချင်နေကြပေသည်။

လူအိုကြီး ဘာရီက ဆိုသည်။
ဒုဗိုလ္လုဇြီက ဓားဖြူ လုပ်ကြံသတ်ဖြတ်ရေး စာရင်း၀င်နေပြီ

ထိုစကားကိုကြားတော့ အရာရှိတွေ၊ ဗိုလ်မှူးကြီးတွေနဲ့ အခြားသူတွေ အားလုံးက လုဇြီကို မယုံနိုင်သလို ကြည့်ကြသည်။ နန်ကုန်းကျင်တို့တောင်မှ မျက်ခုံးပင့်လာကြပါ၏။

လုဇွီနဲ့ လင်းလင်လို ဓားဖြူ အဖွဲ့အစည်းအကြောင်းမသိတဲ့  ငနုံလေးတွေကတော့ ဘယ္လိုမွ မတုန့်ပြန်ပေ။
လုဇြီ လည်ပင်းလေး ဆန့်ရင်း မေးလိုက်၏။

ဓားဖြူ လုပ်ကြံ သတ်ဖြတ်ရေး စာရင်းက ဘာကြီးလဲ

နန်ကုန်းကျင်းက ရှင်းပြသည်။
ဓားဖြူ လုပ်ကြံ သတ်ဖြတ်ရေး စာရင်း၊ ဓားနက် လုပ်ကြံ သတ်ဖြတ်ရေး စာရင်းနဲ့ သွေးဓား လုပ်ကြံသတ်ဖြတ်ရေး စာရင်းဆိုပြီး လုပ်ကြံသတ်ဖြတ်ရေး စာရင်း သုံးမျိုးရှိတယ်။ ဒါတွေက ဓားနတ္ဆိုး မျိုးနွယ်က လုပ်ကြံ သတ်ဖြတ်ချင်တဲ့ စာရင်းပဲ ။ သူတို့က သူတို့မျိုးစိတ်ကို အန္တရာယ်ပေးနိုင်တဲ့ သူတွေကို ရွေးထုတ်ပြီး စာရင်းလုပ်ထားကြတာ

ဓားဖြူ လုပ်ကြံ သတ်ဖြတ်ရေး စာရင်းက အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်း အလယ်အလတ် အဆင့်နဲ့ အဲ့ထက်မြင့်တဲ့ အဆင့်တွေ၊ လူငယ်မှူးမတ်လောင်းတွေနဲ့ မွေးရာပါ ပါရမီရှင်တွေအတွက်ပဲ။ သွေးဓား လုပ်ကြံ သတ်ဖြတ်ရေး စာရင်းက လူငယ်မှူးမတ်အဆင့် မွေးရာပါ ပါရမီရှင်တွေ အတွက်ပဲ။ ဓားနက် လုပ်ကြံ သတ်ဖြတ်ရေး စာရင်းကတော့ အထွတ်အထိပ် အဆင့်က မွေးရာပါ ပါရမီရှင်တွေပဲ

နန်ကုန်းကျင်းက ထရယ်သည်။
နင်က အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်း အဆင့်တောင် မရောက်သေးဘဲ ဓားဖြူ စာရင်း ၀င်နေပြီ။ ကြည့်ရတာ စီစီလီယာက နင့်ကို တော်တော်မုန်းနေပုံပဲ ဟီးဟီး

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now