အခန်း218

187 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၈ ကြောက်မက်ဖွယ် နတ်သိုင်း

မဟာ ယုန်ကြီးက ခရမ်းရောင် အပျက်အဆီး အပိုင်းလေးနားသို့ ခုန်ဆင်းလိုက်ချိန်တွင် အခြားသော သားရဲတွေအားလုံးက ဟိန်းဟောက် နေကြတော့သည်။ ထိုယုန္က အပျက်အဆီးပိုင်းကို ချက်ချင်း ကိုက်စားပစ်လိုက်၏။

ထို့နောက် မဟာ ယုန်ဖြူကြီးက လျှပ်စီး တလက်လက်ဖြစ်လာသည်။ သူ့ရဲ့စိတ်စွမ်းအား နတ်စွမ်းအင်က မယုံနိုင်စရာနှုန်းနဲ့ လှုပ်၇ှားလာလေ၏။ သူက ကျောက်တိုင်ထဲ လွင့်နေရင်း ဟိန်းဟောက်လိုက်သည်။

အခြားသော ခေါင်းဆောင်တွေနဲ့ ယှဉ်ရသော် ထိုကောင်လေးက အလွန်အမင်း သေးငယ်သည်။ သို့သော် ဟိန်းဟောက် လိုက်ချိန်တွင်တော့ အံ့သြဖွယ် ကောင်းလာပေ၏။

ပြင်းထန်တဲ့ လေပြင်းတွေက အရပ် မျက်နှာတိုင်းမှ တိုက်ခတ်လာခဲ့သည်။ ထိုထဲတွင် မမြင်ရတဲ့ စိတ်စွမ်းအားတွေနဲ့ လျှပ်စီးတွေ ပါ၀င်ပေသည်။

အိုးသေစမ်း၊ သူ လုပ်နိုင်သွားပြီ။ ဒီအပိုင်းအစက နတ်စွမ်းအင်တွေကို နိုးထအောင် လုပ်နိုင်တာလား။ ဒါကြောင့် အားလုံးက လိုချင်နေကြတာကိုး မအံံသြတော့ပါဘူး။

ထိုအခိုက် ကောင်းကင်က မည်းမှောင်လာသည်။ အလွန်အမင်းပြင်းထန်တဲ့ အ၇ှိန်အဝါက လေထဲမှ ထွက်ပေါ်လာကာ လုဇြီကို အလန့်တကြား ဖြစ်စေသည်။

ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ တိမ်မည်းတွေ စုလာတာကို တွေ့ရသည်။ အလင်းတိုင်ကို ဝိုင်းကာ ကီလိုမိတာ တစ်ရာအတွင်း စုဝေးလာခြင်း ဖြစ်ပေသည်။ လျှပ်စီးတွေက တိမ်မည်းတွေထဲ ပြည့်လာကာ ကောင်းကင်ကို လွှမ်းခြုံတော့မလို ထင်ရလာသည်။

လုဇြီက ချီခိုးယူခြင်း သိုင်းကို သုံးကာ နောက်ဆုတ်တော့သည်။
ဒီသောက်ယုန်ကတော့.. အဲ့ကောင်သုံးနေတာ အဲ့နတ်သိုင်းပဲ ဖြစ်မယ်။မဟုတ်ရင် အျခား အလင်း ၀င်ပေါက်ဖွင့်လှစ်ခြင်းအဆင့် ခေါင်းဆောင်တွေက ပြန် မတိုက် နိင်စရာကို မ၇ှိဘူး။ ဒါက သေမျိုး ဆင့်ကဲ ပြောင်းလဲခြင်း အဆင့်က စွမ်းအားပဲ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now