အခန်း264

154 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၄ ခေါင်းဆောင်များကို  စိတ်ထားကောင်းမွန်စွာ ပို့ဆောင်ပေးခြင်း

နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်ရှားတို့က လုဇွီနဲ့ လင်းလင်တို့ သိုင်းပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးတာကို ဖြေပေးနေခဲ့သည်။ ထိုသို့ဖြင့် နေ့လည်စာ စားချိန်ရောက်လာခဲ့၏။ လုဇြီက ရုတ်တရက် သူ့ရဲ့စားစရာတွေ အားလုံးကို ယင်ယင်စားလို့ ကုန်သွားပြီးဆိုတာကို သိလိုက်သည်။ ထို့ကြောင့် သူ ပြောလိုက်၏။

စကားမစပ် ကျွန်တော်တို့ နေ့လည်စာကို ဘာစားကြမှာလဲ

နန်ကုန်းကျင်းက လည်ပင်းလေး ပွတ်လိုက်သည်။
ဝိုင်သောက်တာက မကောင်းဘူးလား ငါတို့စားဖို့ လိုလို့လား

ချိုးယွဲ့ဟော်ရှားကလည်း ပြုံးသည်။
ငါ မခ်က္တတ္ဘူး ပြီးတော့ ငါတို့တွေက စားသောက်ဖို့လည်း မလိုဘူးလေ

လုဇြီ 

ဒီလူတွေကို မှီခိုနေလို့ မဖြစ်တော့ဘူးပဲ။ ထို့နောက် လုဇြီက လင်းလင်ကိုသာ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်တော့သည်။ သူမရဲ့ ဟင်းချက်လက်ရာက မဆိုးပါဘူး။

လင်းလင် မင်းကိုပဲ မှီခိုရတော့မယ်
လင်းလင်က မျက်နှာမဲ့ရွဲ့ကာနဲ့ မီးဖိုခန်းထဲ ၀င်သွားတော့သည်။

တခဏကြာတော့ လင်းလင်က သာမန် ဟင်းလျာတွေကို ထုတ်လာသည်။ဒါတွေက အဲလစ်ရဲ့စားစရာတွေလောက် မကောင်းပေမယ့် တော်တော်လေးတော့ အရသာရှိပေသည်။

ယင်ယင်ကတော့ စားရင်း ပျော်နေ၏။ သို့သော် လုဇြီကေတာ့ မပျော်ပေ။ ဒီကေလးမေလးက သူ့ရဲ့စားစရာတွေကို အချိန်တိုင်း ယူသွားနေတယ်။ ပြဿနာကတော့ သူ သူမကို မနိုင်တာပဲ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ သူတို့က ဝါသနာတူနေတာဆိုတော့ သေချာပေါက် သဘာဝရဲ့ရန်သူတွေ ဖြစ်လာတော့မှာပဲ။

နေ့လည်စာ စားပြီးနောက် လုဇွီနဲ့ ကျန်တဲ့လူတွေ အားလုံးက ချိုးယွဲ့ဟော်ရှားရဲ့ အိမ္သို့ သြားလိုက္ကာ ခဏလောက်ထိုင်ပြီး စကားပြောလိုက်ကြသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now