အခန်း310

107 20 0
                                    

အပိုင်း ၃၁၀ နတ်ဘုရားနဲ့ နတ္ဆိုး

ကျန်း၀မမနှင့် အခြားသော သိပ္ပံပညာရှင်တို့၏ မျက်နှာမှ စိုးရိမ်သည့် အမူအရာတွေအား မြင်သည့်အခါ လုဇြီ မပြုံးဘဲ အနေနိုင်တော့ချေ။

မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ ဘာလုပ္မလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဒီမစ်ရှင်းကိုအောင်မြင်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒေါက်တာကျန်းက အဲ့ဒီက အခြေအနေတွေကို ကျွန်တော်တို့ နားလည်အောင် ပြောပြဖို့လည်း လိုအပ်ပါသေးတယ်။ ဒါမွပဲ ကျွန်တော်တို့ နားလည်တာနဲ့ ချက်ချင်း ထွက်သွားနိုင်မှာပါ

ကျန်း၀မ်သည် သူတို့အား နောက်ထပ် တစ်ကြိမ်ထပ်ကြည့်ပြန်သည်။ လုဇွီနှင့် လင်းလင်တို့၏ ယုံကြည်ချက်ရှိသည့် အမူအရာအား မြင်မှသာ သူ သက်ပြင်းချသည်။ သူတို့၏ မစ်ရှင်းအား ထိုသူတို့လုပ်နိုင်ရန် သူ မျှော်လင့်သည်။ ကျန်း၀မ် ပြုံးလိုက်တော့၏။

ဒီတစ်ကြိမ် အဲ့ဒီမွာ နေရာလပ် သားရဲလေးကောင် ရှိတယ်။ အဲ့ဒီထဲက နှစ်ကောင်ရဲ့ခွန်အားက အလင်း၀င်ပေါက် အခု ငါးရာ ၀န်းကျင် ရှိတယ်။ အခြားနှစ်ကောင်ကတော့ အလင်း၀င်ပေါက် ခြောက်ရာကျော်ပဲ။ သူတို့တွေမှာ နတ်စွမ်းအင် မရှိကြဘူး

အဲ့ဒီသဘာ၀ တွင်းပေါက်က ကုလာဂြိုလ်နဲ့နီးတယ်။ ဒါကြောင့် သူတို့ အချိန်မရွေး ဂြိုလ်ထဲကို ခုန်၀င်နိုင်လာတယ်။ သူတို့က မြောက်ဘက်ပိုင်းမှာ ရွိတာပဲ။ ဒါပေမဲ့ သိပ်မကြာခင်အချိန်က သားရဲတွေ အခြားဘက်ပိုင်းတွေကို လျှောက်သွားနေတာကို တွေ့ရတယ်

လုဇွီနှင့် လင်းလင်တို့သည် ထိုအကြောင်းအရာတွေကိုနားထောင်ရင်း ခေါင်းငြိမ့်နေကြသည်။ ထိုအဆင့်လောက်သည် လုဇွီအတွက် ပြသနာမရှိနိုင်ပေ။
ထိုအခိုက် ငယ်ရွယ်သည့် သိပ္ပံပညာရှင် တစ်ယောက်က မျက်မှောင်ကြုံ့ကာ ပြောသည်။

မင်းတို့နှစ်ယောက် အဲ့ဒီလေးကောင်ကို ခပ်မြန်မြန်ဖြေရှင်းနိုင်ပါစေလို့ ငါ မျှော်လင့်တယ်။ အဲ့ဒီထဲက သုံးကောင်က တကယ့်ပြသနာကြီး ဖြစ်နိုင်တယ်။ သူတို့တွေက လူသောင်းပေါင်းများစွာ သတ်ဖြတ်နိုင်စွမ်းရှိကြတယ်။ မြို့ငယ်လေးတွေကို လိုက်ဖျက်စီးရင်တောင်မှ ဒါက ဆုံးရှုံးမှုတွေ များနိုင်တာပဲ။ ကုလာစနစ္က လူတွေ အားလုံး သေသွားနိုင်တယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now