အခန်း210

184 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၀

လူငယ္စစ္သားက လုဇြီကို လေးစားမှုအပြည့်နဲ့ ကြည့်နေသည်။ သူက အလေးပြု၏။
ဒုဗိုလ္လုဇြီကို နှုတ်ဆတ်ပါတယ်

လုဇြီ ခေါင်းငြိမ့်ရင်း ပြုံးလိုက်သည်။
ကောင်းပြီ လမ်းပြပေးပါ

လင်းလင်:"ငါက ငါ စီစဉ်ထားတာ ရှိတယ်။ ငါ နင်တို့နဲ့အဆောင်ကို မလိုက်တော့ဘူး

လုဇြီ မင်သက်သွားကာ သူမ ခွင့်တောင်းထားတာကို သတိရသွားသည်။
မင်းကို ခေါ်သွားဖို့ သငေ်္ဘာပျံ ရှိနေတာလား

လင်းလင် ခေါင်းငြိမ့်သည်။
သိပ်မကြာခင် လာခေါ်လိမ့်မယ်

လုဇြီ ခေါင်းငြိမ့်သည်။
မင်းရဲ့ စစ် အမှတ်တွေကရော
သူမအတွက် သူ ယူထားပေးရမယ်ဆိုရင် ပေးဆောင်ခတော့ တောင်းရမှာပေါ့..

လင်းလင်ရဲ့ မျက်လုံးတွေ အရောင်လက် သွားသည်။
နင်က ဘယ်တုန်းက ငါ့ကို ဒီလောက် ဂရုစိုက်တတ်သွားတာလဲ ဖြစ်နိုင်တာက

လုဇြီ ကို့ယို့ကားယား ပြုံးလိုက်သည်။
ဘာလဲ ဘာတွေ လျှောက်တွေးနေတာလဲ

လင်းလင် မျက်လုံးတွေ ကျဉ်းမြောင်းကာ ဆိုသည်။
ငါ နင့်ကို နိုင်သွားရင် ရိုက်မှာစိုးလို့ အခုကတည်းက ဖားထားတာလား

ပေါက်ကရတွေ
ဒီမိန်းကလေးက အခုကတည်းက စိတ်ကြီး၀င်နေပြီ။
သူ သူမကို လုံး၀ အနိုင်ပေးလို့မဖြစ်ဘူး။

ဒါကိုမြင်တော့ လင်းလင် ပြုံးသည်။
အမကျင်း ငါ့အတွက် စီစဉ်ပေးလိမ့်မယ်

ကျန်တဲ့သူတွေက ကြောင်တောင်တောင် ဖြစ်နေကြသည်။
ဘာဖြစ်တာလဲ

လင်းလင် ခွင့်တင်ထားတာကို သူတို့တွေ မသိကြသေးပေ။

လင်းလင်:" ငါ ကိစ္စလေးရှိလို့ ခွင့်တင်ထားခဲ့တာ။ နင်တို့နဲ့ ကျောင်းရောက်မှ တွေ့မယ်

လုဇြီ:" ငါတို့ သွားတော့မယ် မင်းလည်း ဂရုစိုက်
လုဇြီက သူမနဲ့ စကားဆက် မပြောတော့ဘဲ စစ်သားလေးနဲ့ အတူ ထွက်သွားတော့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now