အခန်း305

122 21 0
                                    

အပိုင်း၃၀၅ အဖိုးကြီး အရူးလုပ်ခြင်းအား ခံရခြင်း

နန်ကုန်းကျင်းနှင့် ချိုးယွဲ့ဟော်ရှားတို့သည် လုဇွီနှင့် လင်းလင်တို့ တိုက်ပွဲပြီးဆုံးသွားသည်နှင့် အနားသို့ လျှောက်သွားလိုက်သည်။ လင်းလင်၏ ဝမ်းနည်းနေသည့် အမူအရာကို မြင်သည့်အခါ နန်ကုန်းကျင်း ပြုံးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။

အဆင်ပြေပါတယ် သွားရအောင်၊ အနာဂါတ်ကျရင် ညီမအတွက် အခွင့်အရေးတွေ ရှိနေနိုင်သေးတာပဲလေ

လင်းလင်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်လိုက်ရသည်။ သူတို့လေးယောက်အပြင်ဘက်သို့ ပြန်ထွက်လာလိုက်ကြ၏။ လုဇွီသည် ယင်ယင်အတွက် အနီရောင် အလင်းလုံး အချို့အား ပုံမှန်အတိုင်း ယူလာပေးလိုက်သည်။

အခန်းထဲတွင် ယင်ယင်၏ ကိုယ်ပေါ်သို့ ကြယ်အလင်းရောင်ကသာ ကျဆင်းနေခဲ့ကာ ယခင်ကထက်အလွန်အမင်း တောက်ပနေခဲ့ပြီ ဖြစ်သည်။ ထိုတောက်ပမှု၏ ကွာခြားချက်က သိသာလွန်းလှသည့်အခါ လူတိုင်း သတိထားမိကြသည်။

နန်ကုန်းကျင်းသည် သူမ၏ သိုလှောင် လက်စွပ်ထဲမှ အရက်ပုလင်းကို ထုတ္ကာ အနည်းငယ် မော့သောက်လိုက်ပြီးမှ ဆိုလာခဲ့သည်။

ဒီကောင်မလေး နိုးလာတော့မယ်လို့ ငါထင်တယ်

ချိုးယွဲ့ဟော်ရှားသည် အိပ်ပျော်နေသည့် ယင်ယင့်ကို ကြည့်သည်။ ထို့နောက် ပြော၏။
သိပ်မကြာခင် နိုးလာဖို့လည်း မျှော်လင့်ပါတယ်

လင်းလင်သည်လည်း ပြုံးလိုက်သည်။
အရင်ကနဲ့ယှဉ်ရင် အခု ကြယ်အလင်းတွေက ပိုတောက်ပနေပြီ ၊ဒါက လုဇြီရဲ့ နတ်စွမ်းအင်က တော်တော်လေး သက်ရောက်မှုရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ

သူ့အကြောင်း ရည်ညွှန်းပြောသည်ကို ကြားသည့်အခါ လုဇြီ မျက်ခုံးပင့်လိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်တော့သည်။
ဒါပေါ့ ငါက ဘယ္သူမို့လို့လဲ

သုံးယောက်လုံး လုဇြီအား မ်က္လုံး လှန်ပြလိုက်ကြတော့သည်။ယင်ယင့်အား အနီရောင်အလင်းလုံး ကျေွးပြီးသည်နှင့် ချိုးယွဲ့ဟော်ရှား အပျင်းကြောဆန့်ကာ ပန်းရောင်ဆံပင်အား လိမ်တွန့်ရင်းပြောလိုက်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now