အခန္း216

181 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၆ ကောင်းကင် အလင်းတိုင်

ဧည့်ခန်းထဲတွင် ယဲ့မူက ဆိုဖာပေါ် ထိုင်ရင်း ပျော်ရွှင်စွာ မနက္စာ စားနေသည်။ ကော်ဖီ စားပွဲပေါ်တွင် ပေါင်မုန့်ဆယ်လုံးကျော် ၇ှိနေသည်။ သူ အပြင်က ၀ယ်လာခဲ့ပုံရသည်။

လုဇြီက သူ့အပြုံးကို ကြည့်ကာ မေးလိုက်သည်။
ဘာဖြစ်လို့လဲ မင်း အရမ်းပျော်နေတဲ့ပုံပဲ

ယဲ့မူ ရယ်လိုက်သည်။
ငါ အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်း အဆင့် ဆူထရာ ဓားကို ၀ယ်လိုက်ပြီ။ မနေ့ညက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ကြည့်တယ်။ တကယ် ငါ့အတွက် အသုံး၀င်တယ်

လုဇြီ ရယ်လိုက်တော့သည်။ ဒီလောက်လေးနဲ့ ပျော်မနေသင့်ပေ။

လန်းနဲ့ရှာဗီရာက အခန်းထဲမှာသာ ရှိသေးသည်။ သူတို့နှစ်ယောက် ခဏထိုင်က ဂြိုလ်၂၅ရဲ့သတင်းကို စောင့်ကြည့်လိုက်သည်။ လုဇွီလည်း ပေါင်မုန့် နည်းနည်း စားလိုက်သေးသည်။ ကိစ္စက ထူးထူးခြားခြား မ၇ှိလေတော့ သူတို့တွေအခန်းထဲ ပြန်၀င်ကာ လေ့ကျင့်လိုက်ကြသည်။

သုံးရက်ကြာပြီးနောက် အမဲလိုက် ကြားခံနယ်မြေတွင်
လုဇြီ့ မြက်ခင်းပြင်ကျယ်တွင် ရပ်နေသည်။သူက အစိမ်းရောင်အလင်းလက်နေတဲ့ ဆိတ်တစ်ကောင်နဲ့ လျှပ်စီးတွေလက်နေတဲ့ ခရမ်းရောင်ဆိတ် တစ်ကောင်တို့နဲ့ မျက်နှာချင်းဆိုင် ရပ်နေခြင်း ဖြစ်သည်။နှစ်ကောင်လုံးက သုံးမီတာ မြင့်သည်။ သူတို့ရဲ့မျက်လုံးတွေက နီရဲနေခဲ့ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့ရဲ့ ထက်၇ှတဲ့ သွားတွေကလည်း မြင်သာနေ၏။ သူတို့ရဲ့ ချွန်ထက်တဲ့ ဦးချွန်တွေက လုဇွီဘက် ချိန်ထားသည်။

လုဇြီကေတာ့ တည်ငြိမ်နေ၏။
သူတို့ရဲ့စွမ်းအားက အလင်း၀င်ပေါက် ငါးခု ဖွင့်ထားတဲ့ အဆင့်သာ ရှိပေသည်။ လုဇြီရဲ့ တိုက်ပွဲ၀င် စွမ်းအားက အလင်း၀င်ပေါက် ခြောက်ခုအထိ ရှိပေရာ ကြောက်စရာမလိုပါပေ။

ထိုနှစ်ကောင်ကို သတ္ဖို့က သူ့အတွက် မခက်ခဲနိုင်ပေ။ အခုအချိန်က အတွေ့အကြုံ ယူရမယ့် အချိန်ပဲ။
သူ့ရဲ့ခွန်အား နတ်စွမ်းအင်ကို ငါးဆ တိုးလိုက်သည်။သူက  စွမ်းအားတွေကို အချိန်အတန်ကြာ ထုတ်ထားနိုင်လာခဲ့ပြီ ဖြစ်သည်။ သူ့ရဲ့လက်ရှိခန္ဓာက အရင်ထက် ခြောက်ဆ ခုနှစ်ဆလောက် သန်မာနေခဲ့ပြီ။ ခွန်အားနတ်စွမ်းအင်က သူ့ဘာသာ လေ့လာ သင်ယူခဲ့သည့် တစ်ခုထဲသော နတ်စွမ်းအင် ဖြစ်သည်။ ခွန်အား နတ်စွမ်းအင်ကို နေ့တိုင်း အသုံးပြု နေခဲ့လေတော့ ကိုယ်ပိုင် နားလည်မှုတွေက တိုးပြားလာကာ ခြောက်ဆအထိ သူ တိုးမြှင့်နိုင်လာခဲ့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now