အခန်း225

182 27 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ- Palace of novels

အပိုင်း ၂၂၅ သာမန် အတန်းသို့ အဆင့် ချခံရခြင်း

နေ့လည်စာ စားချိန်တွင် လက်ရွေးစင်တန်းက ကျောင်းသူ၊ကျောင်းသားတွေ အဆောင်သို့ ပြန်ပြေးလာကြရသည်။ ဂြိုလ်တိုင်းရဲ့ အခြေအနေက မတူညီပေ။ ပြန်ချိန်လည်း ထိုသို့ပင်ဖြစ်၏။ ဂြိုလ်၂၅ တိုက္ပြဲ နယ်မြေသို့ ရောက်နေခဲ့သည့် နန်ကုန်းကျင်းတို့ ပြန်လာဖို့ရာ ခက်ခဲခဲ့သည်။ ထို့ကြောင့် သူတို့ ပြန်ရောက်လာချိန်က နောက်ကျနေပေ၏။

ပြန်ရောက်လာချိန်တွင် သူတို့အားလုံး ပင်ပန်းနေကြပြီဖြစ်သည်။ ကျောင်းသားသစ်တွေကတော့ မတူပေ။ သူတို့က တိုက်ပွဲနယ်မြေကို အတွေ့အကြုံ ရှိသူတို့နဲ့အတူ ပထမဆုံးအကြိမ် သွားခဲ့ရသည်။ ထို့ကြောင့် သူတို့ရဲ့ တာ၀န္က သိပ်မကြီးခဲ့ခြင်း ဖြစ်ပေ၏။ဂြိုလ်အရပ်ရပ်မှ ပြန်လာတဲ့ ကျောင်းသားသစ်တွေက ပြန်ရောက်လာပြီး ခဏနေရင် အဆင်ပြေသွားတတ်ကြသည်။

စီနီယာတွေကတော့ အိပ်ယာထဲသာ တန်း၀င်ကာ အနားယူကြ၏။ သူတို့တွေ စိတ်နဲ့ကိုယ် နှစ်ခုလုံး ပင်ပန်းနေကြလေပြီ။ ဂြိုလ်၂၅က ပြန်လာတဲ့ စီနီယာတွေအားလုံး အခြားသူတွေနဲ့ စကားတောင် မပြောကြတော့ဘဲ အိပ်ယာထဲသာ ၀င်ကုန်လေသည်။နန်ကုန်းကျင်းနဲ့ လျှိုပင်းချင်းကတော့ အနားမယူခင် သတင်း အရင်ပို့ရသေးသည်ပေ။

နောက်တစ်နေ့ နံနက်.
လုဇြီ အိပ်ယာပေါ်  ထိုင်နေလျက်နှင့် မ်က္လုံးတို့ ဖွင့်လိုက်သည်။ သူ မနေ့ညက တစ္ညလုံး နတ်စွမ်းအင် အလင်းလုံးတွေကို ဝါးမြိုနေခဲ့သည်။ နောက်ဆုံးတော့ သူ ရိတ်သိမ်းလို့ ရခဲ့သမျှကို သုံးစြဲလို့ ပြီးသွားပြီပေ။

လက်၇ှိ လုဇြီရဲ့ စွမ်းအားက ဘယ်အခြေအနေထိ ရောက်နေမှန်းပင် မသိနိုင်တော့ပေ။ သူ့ရဲ့စွမ်းအားက အနည်းဆုံး အလင်း၀င်ပေါက် အခု၁၀၀ ဖွင့်ထားတဲ့ အဆင့်ထက် မနိမ့်တဲ့ အဆင့်ကို ရောက်နေကြောင်း သိလိုက်သည်။

သူ ထရပ္ကာ ပြတင်းဘက်ကို ကြည့်ရင်း အကြောဆန့်လိုက်သည်။ မနေ့က ကျောင်းသူ၊ ကျောင်းသား အားလုံး ပြန်ရောက် လာခဲ့ကြသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now