အခန္း278

116 16 0
                                    

အပိုင်း ၂၇၈ လုဇြီကို ကြောက်တဲ့ ယုန်

ခြိမ်း

ခြိမ်း

ရီး

လေနဲ့ လျှပ်စီး တောင်ပံကြောင့် လုဇြီက ဌက်ပြာကြီးထက် မြန်သည်။ အရှိန်နှုန်း သီးသန့်သာဆိုပါက သူက ဌက်ပြာကြီးထက် သာနေခဲ့ကာ တိုက်ခိုက်ချက် နှစ်ချက်တွင် သူက အသာစီး ရနေခဲ့ပေသည်။ ကြယ်လက်သီး။

ပြင်းထန်ကာ စွမ်းအားကြီးလှသည့် လက္သီးအားက ဌက်ပြာရဲ့ လေခုခံအားကို ဖျက်ဆီးလိုက်သည်။လုဇွီက ဌက်ပြာကြီးရဲ့ ခေါင်းတည့်တည့် ထိုးချလိုက်တော့သည်။ ထိုအခါ ခေါင်းထဲတွင်၇ှိသည့် အရာအားလုံးက အက်ကွဲသွားသယောင် ထင်ရ၏။

ဌက်ပြာကြီးရဲ့ အသက်စွမ်းအင်တွေက မှေးမှိန်သွားခဲ့သည်။ အော်ပင် မအော်နိုင်တော့ပေ။ တောင်ပံက အသက်မဲ့သွားသည့် ကိုယ္ကို မထိန်းနိုင်တော့ဘဲ လေထဲမှ ပြုတ်ကျတော့သည်။

လုဇွီလည်း ထိုမြင်ကွင်းကို မြင်မှ ကောင်းကောင်း အသက်ရှူနိုင်တော့သည်။ သူ့ရဲ့ကြွက်သားတွေတောင်နာကျင်နေခဲ့၏။ သူ ဝိဉာဉ် စွမ်းအင်တိုင်း နီးပါး ကုန်အောင် သုံးမိမလို ဖြစ်သွားသည် မဟုတ္လား။

သူ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ဖိအားပေးခဲ့ရသည်။ လက်သီးချက် လေးချက်ဆိုပေမယ့် စွမ်းအားတွေ အားလုံး ကုန်တော့မလို ခံစားခဲ့ရပေသည်။ သူ ငါးချက်မြောက် လက်သီးကိုပင် ထိုးနိုင်တော့မည် မဟုတ်ပေ။ လက်၇ှိတွင် လေနဲ့ လျှပ်စီး တောင်ပံကို ထုတ်ထားရုံလောက်သာ သူ တတ်နိုင်တော့ပေသည်။

သို့သော် လုဇြီ ပျော်နေခဲ့သည်။ ဒါက ဌက်ပြာကြီးလေ။ အတိတ်တွင် ဌက်ပြာခေါင်းဆောင်က သူ့ကို နှစ်ပိုင်း ပိုင်းခဲ့သည်။ ထိုအချိန်က သူက ကြက်ပေါက်လေးအလား ထင်ခဲ့ရ၏။

သူက ဌက်ပြာ ပြုတ်ကျသွားခဲ့သည့် တွင်းနား သွားလိုက်သည်။ ထို့နောက် အထဲ၀င်လိုက်၏။ ဌက်ပြာကြီးမှ အစိမ်းရောင် လေနတ်စွမ်းအင်လုံး တစ္လုံး၊ အနီရောင် အလင်းလုံး ခြောက်လုံးနဲ့ ခရမ်းရောင်အလင်းလုံး လေးလုံး ရပေသည်။ နတ်စွမ်းအင် အပိုင်းအစ ကျမလာခဲ့ပေ။ ဒီအလင်းလုံး ကျနှုန်းက နိမ့်ပေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now