အခန်း287

124 17 0
                                    

အပိုင်း ၂၈၇

မည်းမှောင်နေသည့် အာကာသပြင်ထဲ သုံးရက်ကြာ သွားပြီးနောက်...။
လုဇြီက သူ့အခန်းထဲတွင် ထိုင်နေခဲ့သည်။ အာကာသ သငေ်္ဘာနှင့် သိပ်မဝေးသည့် နေရာတွင် ကြီးမားသည့် ဆိုလာ စနစ်ကြီးရှိသည်။ နေကြယ်က အလယ်တွင်ရှိကာ အဝါရောင် အလင်းတို့ကို ထုတ်လွှတ်နေပေသည်။ လုဇြီ မျက်လုံးတွေ ဖွင့်လိုက်သည်။ သူ့ရဲ့အနက်ရောင် မျက်၀န်းတွေက အရင်ကထက် နက်မှောင်လာခဲ့သည်။

ဒီရက်တွေတွင် သူက မနက်တိုင်း ကြယ်လက်သီးသိုင်းကို ကျင့်ကာ ညနေတိုင်း အမဲလိုက် ကြားခံနယ်မြေကို သွားပေသည်။ ညဘက်တွေတွင် သူ ဆက်လေ့ကျင့်၏။ ထို့ကြောင့် တဖန် ထပ် တိုးတက်လာခဲ့တော့သည်။

အိပ်ယာမှ ထလိုက်ပြီးတာနဲ့ သူက အပျင်းကြော ဆန့်သည်။ ထို့နောက် ခပ်ဖြေးဖြေးချင်း သန်းဝေ၏။ သူ သုံးရက္လုံး လုံး၀မနားဘဲ ဆက်တိုက် လေ့ကျင့်နေခဲ့ဖြစ်တော့ အတော်လေး ငြီးငွေ့နေလေပြီ။

သူ တံခါးဖွင့်ကာ အပြင်ထွက်လိုက်တော့ စီနီယာ သုံးယောက်က ဧည့်ခန်းတွင် ထိုင်ကာ တစ်စုံတစ်ရာ ဆွေးနွေးနေတာကို တွေ့ရသည်။ သူ ထြက္လာတာ မြင်တော့ စီနီယာ လီချင်းယွန်က ပြောသည်။

အိုး လုဇြီ မင်း ထွက်လာပြီလား၊ ငါတို့တွေ ဦးတည်ရာကို ရောက်တော့မယ်ကွ၊ ငါက မင်း ထွက်မလာသေးရင် လာခေါ်တော့မလို့ပဲ

လုဇြီ ပြုံးလိုက်သည်။
ကျွန်တော် အခုရက်ပိုင်း ကျင့်ကြံရတာကို အရမ်းစွဲလန်းနေပြီလေ၊ အာ ဒါနဲ့ လင်းလင်ရော

ထိုအခိုက် လင်းလင်က သူမ အခန်းထဲက ထွက်လာသည်။
နင်က ငါ့ကို ဘာကိစ္စခေါ်တာလဲ

ဘာကိစ္စမှ မဟုတ္ဘူး
သူတို့နှစ်ယောက် ဧည့်ခန်းထဲ ၀င်သွားတော့ စီနီယာ မာဂရက္က ပြောသည်။

ငါတို့ ရောက်တော့မယ်၊ ငါတို့တွေ အဲ့ဒိကိုရောက်တာနဲ့ အရင်ဆုံး ခုခံရေး အင်အားစုဆီ သွားရမယ်

လုဇြီ ခေါင်းညိမ့်လိုက်သည်။
အင်း

ဒါက သူ့ရဲ့ ပထမဆုံး မစ်ရှင်းဖြစ်ကာ နားထောင်ပြီး ဘေးက ကြည့်တာက ပိုကောင်းပေသည်။ လင်းလင်လည်း ခေါင်းငြိမ့်သည်။ သိပ်မကြာခင် အချိန်တွင်ပင် သူတို့က ကြီးမားလှသည့် သယ်ယူပို့ဆောင်ရေး သငေ်္ဘာကြီး ရွိရာ နေရာသို့ ရောက်သွားကြသည်။ ထိုသငေ်္ဘာက အေးစက်ကာ တိတ်ဆိတ်နေခဲ့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now