အခန်း318

109 20 0
                                    

အပိုင်း ၃၁၈

လုဇွီနှင့်လင်းလင်တို့သည် ထိုရှင်းပြချက်အား ကြားသည့်အခါ အတန်ကြာအောင် တိတ်ဆိတ်သွားတော့သည်။သူတို့၏မျိုးစိတ်အား သစ္စာဖောက်တဲ့သူမျိုး ရှိလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

လင်းလင် မျက်မှောင် ကြုတ်လိုက်သည်၊ သူမ၏အမူအရာတို့သည် အေးစက်လာခဲ့၏။သူမသည် စစ်တပ် နောက်ခံ ပိုင်ဆိုင်ထားသည်။ သဘာဝကျစွာပင် ထိုကဲ့သို့သော အပြုအမူအမူတို့အား လက်ခံနိုင်စွမ်းမရှိပေ။

ကျန်းဝမ်သည် သူတို့၏အမူအရာအား ကြည့်ကာ ပြုံးလိုက်သည်၊
"အလင်းရောင်ထဲမှာလည်း အမှောင်ထုဆိုတာက ရွိတတ္စျမဲပါပဲ၊ အရာအားလုံးက လင်းနေရင် အတောမရှိတဲ့အလင်းတွေနဲ့ ဘာမှကိုမြင်ရတော့မှာ မဟုတ္ဘူး၊ ဒါပေါ့၊ ဒီလို ပြစ်မှုမျိုးကလည်း ရှားပါးပါတယ်"

ထိုသည်က အမွန္တရား ဖြစ်သည်၊ ထိုကဲ့သို့သောပြစ်မှုမျိုးသည် မြေကမ်ဘာခေတ်တွင်တောင်မှ ရှိခဲ့သေးပေသည်။ ပြည်သူပြည်သားတို့သည် ထိုအပြစ်မျိုး ကျုးလွန်ရန် မလွယ်ကူသော်လည်း သူတို့သည် အျပစ္တခု ကျူးလွန်ကာ ဆိုးဝါးသည့် ပြစ်ဒဏ်ကျမည့်မှန်း သေချာသွားသည့်နောက် ထို့သို့အဖြစ်မျိုး ဆက်လုပ်ကြတော့သည်။သို့ရာတွင် မည်မျှတောက်ပသော နေရာဖြစ်နေပါစေ နေရာတိုင်း၊ ထောင့်တိုင်းသည်တော့ ထင်းခြင်းနေလိမ့်မည် မဟုတ်ပေ၊

မည်သို့ပင်ဆိုစေ နဂါးငွေ့တန်းဒေသသည် အလွန်ကျယ်ပြောသည်။ ဖရို့ဖရဲဖြစ်နေသည့် နေရာတွေသည် ထောင့်တိုင်းတွင် ရှိနေနိုင်ပေ၏၊ ထိုအခိုက် လုဇြီ၏ မျက်လုံးတွေ တောက်ပသွားခဲ့သည်၊ ဓားနတ်ဆိုးလေးကောင် ထွက်လာသည်အား သူ မြင်လိုက်ရသည်၊

သူက မေးလိုက်၏၊
"ပရောဖက်ဆာကျန်း သူတို့တွေက မြေအောက်အင်အားစုတွေနဲ့ ဆက်စပ်နေမယ်လို့ထင်လား"

ကျန်းဝမ်က ခေါင်းညိတ်သည်။ သူသည်လည်း ထိုမေးခွန်းကြောင့် အနည်းငယ် မင်သက်သွားပုံရသည်၊ 
"ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူတို့တွေ ဓားနတ်ဆိုးတွေဆီကလည်း တိုက်ရိုက်ဝယ်နိုင်တာပဲလေ"

လုဇြီ ပြုံးလိုက်သည်။ သူ့တွင် အကြံဆိုးတစ်ခုပေါ်လာ၏၊ ထိုအကြံသည်သာ အောင်မြင်လျှင် အကယ္ဒမီ အမှတ်ပေါင်းများစွာသည် သူ့ထံသို့ လှိမ့်ဝင်လာပေလိမ့်မည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now