အခန်း302

121 17 1
                                    

အပိုင်း ၃၀၂ ထပ်ပြီး ဒုတိယ လုဇြီပဲလား

လုဇြီထံသို့ ကြောက်မက်ဖွယ် ကောင်းလှသည့် ချီစွမ်းအင်တွေနှင့်အတူ အနက်ရောင် ဝိဉာဉ်စွမ်းအင် လက်သည်းချက်ကြီး ကျရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေထုသည် ဝိဉာဉ်စွမ်းအင် လက်သည်းချက်ကြီးကြောင့် တုန်ခါသွားခဲ့၏။ နေအလင်းတောင်မှ ထိုလက်သည်းချက်၏ တားဆီးခြင်းကို ခံရလေသည်။

ကောင်းကင်ဟာ ပြိုကျလာပြီး ပြင်းထန်သည့် ဖိအားဟာ လုဇြီ၏ အရိုးတွေထိတိုင် ရောက်သည်။ ထိုနေရာမှ အက်ကွဲသံတွေ ထြက္လာရ၏။ မည်သည်ကြောင့် ထိုမျှ စွမ်းအားကြီးနေကြောင်း လုဇြီ မတွေးတောနိုင်တော့ချေ။

လေနှင့် လျှပ်စီးတောင်ပံတို့ကို တဖ်ပ္ဖ်ပ္ခတ္ကာ အသက်သွင်းလိုက်ရင်း ထိုနေရာမှ သူ ပျောက်ကွယ်သွားလိုက်သည်။ ကြီးမားလှသည့် ကြောင်နက်ကြီးသည် အနက်ရောင် စွမ်းအင်တို့နှင့် ပုန်းအောင်ကာ ထိုလက်သည်းချက်ကြီးအား တိမ်းရှောင်လိုက်ခဲ့သည်။ သို့သော် ထိုကြောင်ကြီးသည် လုဇွီလောက် မြန်ဆန်မနေခဲ့ချေ။ ထို့ကြောင့် မြေပြင်သို့ ရိုက်ချခံရလေတော့သည်။

ဘုန်း။

ကြောက်မက်ဖွယ်ကောင်းလှသည့် ပေါက်ကွဲမှုက ဖြစ်လာသည်။ ကီလိုမီတာ ဒါဇင်ကျော်အတွင်းရှိ အရာအရာသည် အနက်ရောင် ဝိဉာဉ်စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားခဲ့၏။ လေထဲရှိ သားရဲတွေသည် သူ့ထံ လိုက်လာနေခြင်းအား ရပ်တန့်လိုက်ကာ ကြောက်လန့်စွာဖြင့် ကြည့်ကြလေတော့သည်။

လုဇွီသည်လည်း အေဝးသို့ လွင့်ထွက်သွားခဲ့သည်။ သူ ရပ်တန့်ရန် ကြိုးစားလိုက်သည့် နေရာသို့ ရောက်သည့်အခါ မြေပြင်တွင် ခြေရာ လမ်းကြောင်းရှိနေခဲ့၏။

အနက်ရောင် ဝိဉာဉ်စွမ်းအင်တို့ ြပ်ိုကွဲသွားသည့်အခါ မြေပြင်တွင် စတုရန်း မီတာ အနည်းငယ်ကျယ်သည့် ချိုင့်ရာပင် ရှိနေခဲ့သေးသည်။ ထိုနေရာတွင် ပြာအဖြစ် တဖြည်းဖြည်းချင်း ပြောင်းနေခဲ့သည့် အလောင်းတစ်လောင်းကို မြင်ရသည်။ လုဇြီ ပင့်သက်ရှိုက်လိုက်မိ၏။

ထိုအကောင်လေးသည် အလွန် စွမ်းအားကြီးသည်။
ပြန်လည်ကုစားခြင်း နတ်စွမ်းအင်အား ပိုင်ဆိုင်ထားသည့် ထိုကြောင်နက်ကြီးအား တိုက်ခိုက်ရန် လက်သီးချက် တစ္ခ်က္သာ လိုခဲ့သည်။ ထိုစွမ်းအင်သည် အလင်းဝင်ပေါက် အခုလေးရာကျော် ဖွင့်ထားသည်ထက် သာနေလောက်၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now