အခန်း276

134 18 0
                                    

အပိုင်း ၂၇၆ အဲ့ဒါက ဘာလဲ

အမဲလိုက် ကြားခံနယ်မြေတွင် နေရတာက ခေါင်းပန်းလှန်ရသလိုခံစားရစေသည်။ ကောင်းတဲ့အချိန်ကတော့ အဆင့်မြင့် သားကောင်တွေဆီက အဆင့်မြင့် အလင်းလုံးတွေကို ရနိုင်တာဖြစ်ပြီး ဒါကလည်း လုဇွီအတွက် အလွန်အသုံးဝင်သည်။ သားရဲတွေနဲ့ တိုက္ခိုက္တာက လုဇြီကို ပိုပိုပြီး အတွေ့အကြုံ ရနိုင်ပေ၏။ အရင်က လုဇြီက ကို့ရို့ကားယား အခြေအနေရှိခဲ့သည် မဟုတ္လား။

သူက အဆင့်နိမ့် သိုင်း အမြူတေအဆင့် သားရဲတွေကို ချက်ချင်း သတ်နိုင်သည့်အချိန်တွင် ခေါင်းဆောင်တွေကတော့ သူ့ကို ချက်ချင်း သတ်နိုင်စွမ်း ရှိနေခဲ့သည်။ လက်ရှိတွင်တော့ ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။

လုဇြီက သွေးပူတဲ့ တိုက်ပွဲတွေကို အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။ ဒီခေါင်းဆောင်တွေနဲ့ သူ တိုက်ခိုက်နိုင်နေပြီ ဖြစ်၏။ သို့ရာတွင် ဒီခေါင်းဆောင်တွေက ပိုသန်မာလာရုံတင်မကဘဲ သူ့ရဲ့ပြင်းအားကလည်း တိုးတက်လာခဲ့သည်။ သူတို့က နေရာအနှံ့သတ်ဖြတ်ချင်နေပုံရ၏။

လုဇွီကလည်း ထိုအခြေအနေကို လက်ရှိတွင် တွေ့ကြုံနေရပေသည်။ သူ သိုးနက်နဲ့ တိုက်ခိုက်ပြီးသည့် တိုက်ပွဲနောက်တွင် စွမ်းအားကြီးတဲ့ သားရဲသုံးကောင်က ရောက်လာခဲ့ပေသည်။ ထိုထဲက တစ်ကောင်က ငှက်ပြာဖြစ်ကာ အလင်းဝင်ပေါက် အခု ၄၀၀၊ ၅၀၀ နီးပါး ဖွင့်ထားနိုင်ပေ၏။ ဒါက လုဇြီကို ဝမ်းနည်းစေသည်။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။ သူက နောက်လှည့်ထွက်လိုက်ကာ အားနည်းတဲ့ သားရဲ နှစ်ကောင်ကြားတွင် ဝင်ပြေးလိုက်သည်။ သူ မြန်မြန် ထွက်ပြေးနိုင်မှဖြစ်မယ်။

ရီး။

လုဇြီရဲ့ လှုပ်ရှားမှုကို အာရုံခံမိတော့ ငှက်ပြာကြီးက အော်သည်။ ထိုအော်သံက ၁၀ ကီလိုမီတာအတွင်းတွင် အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပေ၏။

လုဇွီရဲ့မျက်နှာက ပြောင်းလဲသွားခဲ့သည်။ မြန်လိုက်တာ။လုဇွီက လေတောင်ပံကို တဖျပ်ဖျပ် ခတ်သည်။ ငှက်ပြာကြီးကတော့ တကယ့်ကို ခေါင်းဆောင်ပီသပါပေသည်။ လုဇွီထက် စွမ်းအားကြီးနေခဲ့၏။ ပြင်းထန်တဲ့ ချီစွမ်းအင်တွေက လျင်မြန်စွာ နီးကပ်လာနေတာကို လုဇြီ သိနေခဲ့သည်။ သူ့ထက်တောင်မှ နှစ်ဆလောက် မြန်နေခဲ့သေး၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now