အခန်း254

159 19 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace  of novels

အပိုင်း ၂၅၄ လုဇြီ ထပ်ပြီးတော့ လုဇြီပဲလား
ဒါ့အပြင်။
လုဇြီက ယင်ယင်ရဲ့ တောက်ပတဲ့ မျက်ဝန်းတွေကို ကြည့်လိုက်သည်။ သူမေလးက ဒဏ္႑ာရီထဲက ကြယ် ဝိဉာဉ် မျိုးစိတ်လား။ ယင်ယင်က ဒီဂြိုလ်ကို ဖျက်ဆီးပြီး အားလုံးကို သတ်ပစ်မှာတော့ မဟုတ်လောက်ပါဘူးနော်။
ကြယ် ဝိဉာဉ် မျိုးစိတ်တွေက ကြယ်ရောင်အောက်တွင် မွေးဖွားကြကာ ဂြိုလ်တွေနဲ့ အသက်တွေ၊ ဘဝေတြကို ကြင်နာတတ်ပေသည်။သူတို့တွေက ဘာမွ မလုပ်ဘဲ အိပ်လိုက်၊စားလိုက် လုပ်နေရင်တောင်မှ သာမန်အတိုင်း ကြီးထွားနေမှာ ဖြစ်သလို အရှင်သခင်တွေ ဖြစ်လာပေလိမ့်မည်ပေ။ ဒဏ္႑ာရီထဲတွင် ကြယ် ဝိဉာဉ် မျိုးစိတ်တွေ ဂြိုလ်တွေကို ဖ်က္ဆီးကာ သတ်ဖြတ်တာမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။ ဒါ့အပြင် ထိုသူတို့က ဂြိုလ်တွေကို ဖန်ဆင်းတယ်ဆိုတဲ့ ပုံပြင်တွေကိုသာ သူ သိပေ၏။
ဒါ့အပြင် သူ့ရဲ့ အနီရောင် အလင်းလုံးကြောင့် ဒီကေလးမေလးက သူ့ကို ရင်းနှီးမယ့် ပုံစံရှိတယ် ဟုတ္တယ္မလား။ ကေလးမေလးက မူကြိုကျောင်းတက်ဖို့ အဖော်ရှာနေတာဆိုတော့ သူမေလးက အရွယ်မရောက်သေးတာ သေချာတယ်။ ဒီလို အရွယ်တွေက အရူးလုပ်ဖို့ အဟွတ် ဆက်သွယ်ရ အကောင်းဆုံး အရွယ်ပဲ။
လုဇြီ လင်းလင်ကို ကြည့်လိုက်တော့ လင်းလင်က ယင်ယင့်ကို ချစ်မြတ်နိုးစွာ ကြည့်နေတာကိုသာ တွေ့ရသည်ပေ။ လုဇြီ မျက်နှာ မဲ့သွားရပြီ။ သူပဲ ဒီလိုတွေ တွေးပူနေရတာလား။
ထို့နောက် လင်းလင်က အကြီးအကဲ လင်းဆီသို့စာ ပို့လိုက္ကာ သူမရဲ့ ခန့်မှန်းချက်တွေကို ပြောပြလိုက်သည်။ သူမက အကြီးအကဲ လင်းတစ်ယောက် ထင်ထင့်ကို ၇ှာနိုင်ကာ ယင့်ယင့်ဆီ လာပို့ပေးဖို့ မျှော်လင့်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ယင်ယင်က ကြယ်ဝိဉာဉ် မျိုးစိတ် ဖြစ်နိုင်ချေ များနေပေသည်။ သူမကသာ အမှန်တကယ် ကြယ် ဝိဉာဉ် မျိုးစိတ် ဖြစ်နေပါက သူတို့ကြား ဆက်ဆံရေး ကောင်းအောင် လုပ္ဖို့ လိုအပ်ပေသည်။ ဒါက လူသားတွေအတွက် အခွင့်ကောင်းတောင် ဖြစ်နေနိုင်ပေသည်။
ထိုအခိုက် လွန်းထည်စနစ်တွင် ဆံပင်ဖြူနဲ့ အကြီးအကဲ လင်းက ပညာရေးဌာနရဲ့ ရုံးခန်းထဲတွင် ထိုင်နေခဲ့သည်။ သူက စိတ်အခြေအနေ ကောင်းနေခဲ့ကာ ပြုံးနေခဲ့၏။
လင်းလင်က သူ့ရဲ့ စွမ်းအားကို အေမြ ဆက်ခံခဲ့သည်။ဒီကလေးမစုတ်လေးကို သူ့ရဲ့ စွမ်းအားကို အမွေဆက်ခံလာစေဖို့က မလွယ်ကူခဲ့ပေ။ ဒီနည်းနဲ့ သူ သေသွားခဲ့ရင်တောင်မှ သူ့ ခွန်အားတွေက ကျန်ရစ်ခဲ့ကာ လူသားမျိုးနွယ်ကို ဆက်လက် ကာကွယ်နိုင်ပေလိမ့်မည်။
လုဇြီက တကယ် အံ့အားသင့်စရာ လုပ်နိုင်ခဲ့တာပဲ။ ဒီကေလးရဲ့ တိုးတက်နှုန်းကလည်း သိပ်မြန်တယ်။ သူ့မှာ ပင်ကိုယ် လက်ဆောင်ကောင်းတွေ ပါလာတဲ့ ပုံပဲ။
သူ အတွေးလွန်နေချိန်တွင် ဖုန်းက မြည်လာခဲ့ပေသည်။ ချက်ချင်းပင် သူ့မျက်နှာတွင် ချစ်မြတ်နိုးလွန်းလှသည့် အပြုံးက ပေါ်လာသည်။ လင်းလင်ဆီက စာပဲ။
သူ ဖွင့်ဖတ်ပြီးတာနဲ့ ချက်ချင်း ထရပ်လိုက်တော့သည်။သူ့မျက်နှာက အနည်းငယ် နီရဲနေခဲ့ကာ လက်တွေကတော့ တုန်ယင်နေခဲ့သည်။
ကြယ် ဝိဉာဉ် ဟုတ္လား။ ဗဟိုအစိုးရ တက္ကသိုလ်မှာ ကြယ် ဝိဉာဉ် မျိုးစိတ်က ပေါ်လာတယ်လား
သူ့ဘဝတွင် ကြယ်ဝိဉာဉ် မျိုးစိတ်ကို တစ်ခါမှ မမြင်ဖူးပေမယ့် လင်းလင်နဲ့ လုဇွီထက် အတွေ့အကြုံ ကြွယ်ဝတဲ့ သူက ပိုသိပေသည်။ တကယ္လို့မ်ား ကြယ် ဝိဉာဉ် မျိုးစိတ် အစစ်ဖြစ်နေခဲ့ရင်။
သူက မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ရန် ပြင်လိုက်သည်။ သူက လက်ရှိတွင် အသုံးမဝင်တဲ့သူ ဖြစ်နေခဲ့ပြီ။ ထို့ကြောင့် အခြားသူတွေကိုသာ တာဝန်တွေ လွှဲထားရပေသည်။  အခြားလူတွေကို တော်တန်ရုံ မနှောက်ယှက်ဘဲ နေခဲ့တာလည်း ကြာနေခဲ့ပြီ။ အခုအချိန်ကတော့ နှောင့်ယှက်မှ ဖြစ်တော့မယ့် အချိန်ပဲ။
သူ့ရဲ့ မျက်ဝန်းထဲ မျှော်လင့်ချက် အလင်းတွေ တောက်ပနေခဲ့သည်။ဒါက သူ့ရဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေနိုင်တယ် မဟုတ္လား။ ကြယ် ဝိဉာဉ်ကသာ ကူညီမယ်ဆိုရင် သူ့ရဲ့ ရောဂါတွေလည်း ပျောက်သွားနိုင်ပေသည်။ ထိုအတွေးနဲ့အတူ မဆက်သွယ်ရသည်မှာ ကြာခဲ့သည့် တစ်စုံတစ်ယောက်ဆီ ဆက်သွယ်လိုက်တော့သည်။
ဆည်းဆာချိန် စနစ် ကျင်းယောင် ဂြိုလ်တွင်.။
တောနက်ထဲတွင် ကြီးမားလှသည့် ရေတံခွန်ကြီး ရှိသည်။ ရေတံခွန်အောက်တွင် အဝေးတစ်နေရာအထိ စီးဆင်းသွားနေသည့် မြစ်ကြီးတစ်စင်း ရှိသည်။ ရေတံခွန်အနီးတွင်   တဲအိမ္တစ္လုံးကို တွေ့ရသည်။ ထိုအခိုက် တောင့်တင်း သန်မာသည့် လူအိုကြီး တစ်ယောက်က တဲအိမ်ရှေ့တွင်ထိုင်ကာ ငါးမြှားနေလေသည်။
ထိုအချိန်တွင် ရွှေရောင် အလင်းတွေ လက်နေသည့် ငါးတစ်ကောင်ကို မိတော့မလို ဖြစ်လာကာ ထိုအဘိုးအိုကြီးလည်း မျက်လုံးမှိတ်နေရာက ဖွင့်လာခဲ့လေသည်။ သူက အသက်ရှူသံကိုပင် အောင့်ကာ နေခဲ့သည်။ သို့သော် သူ့ဖုန်းမှ အသံတွေ ထြက္လာတဲ့အခါ ရွှေရောင် အလင်းတွေ လက်ပြီး ငါးက ထွက်ပြေးသွားခဲ့လေသည်။
ထိုလူအိုကြီး သုံးနှစ်လောက် ထိုင်ဆောင့်ကာ ဖမ်းနေရသည့် ငါးက လွတ်သွားခဲ့ပြီ။ ထိုလူအိုကြီးခမျာ ဒေါသထွက်လွန်းသဖြင့် မြေပြင်ကို ဆောင့်နင်း လိုက်မိသေးသည်။ ထိုနေရာတွင် နက်ရှိုင်းလွန်းသည့် တွင်းကြီး ပေါ်လာခဲ့လေတော့သည်။
သူ စိတ်တိုတိုနဲ့ ဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းလာနေတာကို တွေ့ရသည်။ သူ့အမူအယာက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် သွားဖြူဖြူတွေပင် ပေါ်အောင်ရယ်ကာ သူ ဖုန်းကို ဖြေလိုက်သည်။
ယို့ လူအိုကြီးလင်း မင်း ငါ့ကို မဆက္သြယ္တာ နှစ်ရာနဲ့ ချီနေပြီပဲကွ။ အခုတော့ ဘာသဘောတွေပေါက်ပြီး ဆက္သြယ္တာလဲ။ မင်းရဲ့ အကိုကို မှတ်မိသေးတယ်ပေါ့ ဟုတ္လား
ဆက်မပြေ ာနဲ့ဦး ငါပြောတာကို အရင်နားထောင်ပါဦး
ထို တောင့်တင်းသန်မာတဲ့ လူကြီးက အကြီးအကဲလင်းပြောတာကို ကြားတော့ သူ့မျက်နှာက အပြုံးက ပျောက်သွားကာ အလေးအနက် ဖြစ်လာလေသည်။
သူတို့ စကား အနည်းငယ် ပြောပြီးနောက် ဖုန်း ချလိုက်သည်။
အကြီးအကဲလင်းက ယင်ယင်နဲ့ ထင်ထင်ကို ရှာဖွေနေချိန်တွင် သူကေတာ့ ကိုယ်တိုင် စီစဉ်စရာ ရှိတာတွေကို စီစဉ်ရမည်ပေ။သူတောင် မသိလိုက်ဘဲ တစ်စုံတစ်ယောက်က ဆည်းဆည်ချိန်စနစ်ထဲ ဝင်ရောက် လာနိုင်ခဲ့တယ်ဆိုတာက တစ္ဖက္သူက ဒဏ္႑ာရီထဲက ကြယ် ဝိဉာဉ် မျိုးစိတ် ဖြစ်နေနိုင်ပေသည်။
လုဇြီ ထပ်ပြီး အဲ့ဒိ လုဇြီပဲလား
သူ လုဇြီဆိုတဲ့ ကလေးအကြောင်း သတင်းတွေ မကြာခဏ ကြားနေရပေသည်။ အခုကိစ္စသာ ရွိမေနပါက သူ လူကိုယ်တိုင် တွေ့ဖြစ်လောက်သည်။ လောလောဆယ်တော့ ဒီကိစ္စကို အရင် ဖြေရှင်းလိုက်မယ်။
လင်းလင်က စာပို့ပြီးမှ စိတ္သက္သာရာ ရသွားပေသည်။ ဒီကိစ္စက ကြီးတော့ သူမနဲ့ လုဇြီ ကိုင်တွယ်နိုင်မှာ မဟုတ္ဘူး။ ဒီတော့ အကူအညီ လိုအပ်တယ်။ လုဇွီလည်း လင်းလင် စာပို့ပြီးတာကို မြင်မှ စိတ်သက်သာရာရသွားပေသည်။ ထို့နောက် လင်းလင်က ယင်ယင့်ကို ညင်သာစွာ ပြုံးပြကာ ပြောသည်။
ယင်ယင်လေး ဒီကို လူတွေ ရောက်လာကြလိမ့်မယ်။ သမီးရဲ့ သူငယ်ချင်းကို ရွာဖို့ တစ်ရက်လောက်တော့ လိုလိမ့်မယ်။ ဘာလို့ အခုသြား မနားရမွာလဲ။ မနက်ဖန်မှ ဒီကို ပြန်လာကြမယ်လေ။ မမတို့ ဒီမွာ သမီးကို စောင့်နေမှာပေါ့
ယင်ယင့် မ ်က္လုံးထဲ အလင်းရောင်တွေ လက္သြားကာ ပြောသည်။
အင်း
ထို့နောက် ယင်ယင်က လမ်းဘေးက သစ်ပင်ကြီး တစ်ပင်နားကို သြားကာ ကျောပိုးအိတ်ကို ဖက်ရင်း ထိုင်ချလိုက်သည်။ ထို့နောက် ပြော၏။
ဒီမွာ နားတော့မယ်။ မမတို့ မနက်ဖန်မှ ပြန်လာကြတော့
လုဇြီ:.
လင်းလင်:..
ဒီကေလးမမွာ အိမ် မရွိဘူးလား။ ကလေးတစ်ယောက်ကို ဘယ်လိုလုပ် လမ်းဘေးမှာ ထားခဲ့ရမွာလဲ။ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အခုလိုတော့ ထားခဲ့လို့ ဘယ်ဖြစ်မလဲ။လုဇွီ သက်ပြင်းချကာ ပြောလိုက်သည်။
ယင်ယင်လေးက ဒီလို အနားယူနေကြလား
ယင်ယင်က လုဇြီကို သံသယ ဝင်သလို ကြည့်သည်။
ကြယ်ကောင်းကင်အောက် နယ်မြေ တစ္ခုလုံးက သမီး န ားတဲ့နေရာပဲ။ အဲ့ဒါက မှားနေလို့လား
လုဇြီ:.
လင်းလင်:.
လင်း လင် ပြုံးလိုက်သည်။
ဒါဆိုရင် မမရဲ့ အိမ္ကို လိုက်နေမယ်ဆိုရင်ရော
လုဇြီ လင်းလင်ကို တစ်ချက် ကြည့်ပြီးမှ ပြောလိုက်သည်။
ဒါဆိုရင် ငါလည်း ကူစောင့်ပေးရမှာဆိုတော နှစ်ယောက်လုံး ငါ့အိမ္ကိုပဲ လိုက်ခဲ့လိုက်တော့
လင်းလင်က လုဇြီကို မော့ကြည့်သည်။ သို့သော် ဘာမွေတာ့ မပြောပေ။ ကေလးမေလးက တခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။
အဲ့လိုဆို အဆင်ပြေမှာလား
သူတို့သာ ဒီကေလးမေလးရဲ့ အစွမ်းကို မမြင်ဖူးကြရင် အခုလို ရှက်နေတဲ့ ဟန်လေးကို သံသယ ကင်းနေနိုင်ပေသည်။
လုဇြီ ပြုံးလိုက်၏။
အဆင်ပြေတာပေါ့
ထိုအခိုက် အသံ တစ္သံ ထြက္လာကာ ရွှေရောင်နဲ့ ပန်းရောင် အလင်းတွေ ကောင်းကင်မှ ကျဆင်းလာတာကို မြင်ရလေသည်။ ထို့နောက် မိန်းကလေး နှစ်ယောက်အဖြစ် ပြောင်းသွား၏။
လုဇွီနဲ့ လင်းလင် လှည့်ကြည့်လိုက်တော့ နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်ရှားကို မြင်ရလေသည်။ လင်းလင်ရဲ့ စာကြောင့် တဖက္က လှုပ်ရှားလာတာ ဖြစ်လောက်ပေသည်။
ဒါပေမယ့် မြန်လွန်းမနေဘးလား။ ဘာလို့ မိနစ်ပိုင်းအတွင်း လွှတ်လိုက်နိုင်တာလဲ။ ပြီးတော့ ဘာလို့ ဒီနှစ်ယောက်ကိုမှလဲ။ လုဇြီ လင်းလင်ကို ကြည့်လိုက်တော့ သူမက ပြံးပြသည်။
ယင်ယင်က မိန်းကလေးတွေနဲ့ဆို ပိုပြီး အဆင်ပြေတယ်လို့ ငါ စာထဲမွာ ထည့်ပြောလိုက်တာ
လုဇြီ:.
မအံ့သြတော့ပါဘူး။
ထိုနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် စူးရဲစြာ ကြည့်နေကြပေသည်။ သူက ချိုးယွဲ့ ဟော်ရှားရဲ့ ဖိတ်ခေါ်မှုကို ငြင်းခဲ့တော့ သူ့ကို အခုနေများ လက်စားချေတာမျိုး လုပ်လာလောက်လား။ ဆွဲဆောင်တဲ့ နတ်စွမ်းအင်မျိုးကို သူ လန့်ပါတယ်။ သူမနဲ့ ရင်ဆိုင်ရတာက နန်ကုန်းကျင်းနီးပါး ဆိုးရွားမှာပဲ။ လုဇြီ ကြောက်လန့်လာခဲ့သည်။
ထိုအခိုက် ချိုးယွဲ့ဟော်ရှားက နန်ကုန်းကျင်းကို ပြုံးပြသည်။ သူမရဲ့ အသံက ဆွဲဆောင်မှုအပြည့်နဲ့ ဖြစ်၏။
ပြင်းထန်တဲ့ သံလက္သီးဆိုတဲ့ နဂါးအမေနဲ့တူတဲ့ နင်က ကေလး တစ်ယောက်ကို ထိန်းနိုင်မယ်လို့ ငါ မထင်ဘူး။ အဆင့်မြင့်ပိုင်းက လူတွေက နင့်ကို လွှတ်လိုက်တယ်လား။ ငါ့လမ်းကို နင်လာ မပိတ္တာက ပိုကောင်းမယ်
နန်ကုန်းကျင်း ထိုစကားကို ကြားတော့ ဝမ်းနည်းသွားကာ ချိုးယွဲ့ဟော်ရှားကို စူးကြည့်လိုက်တော့သည်။
နင်က ဘာကို ဆိုလိုတာလဲ။ နင့်လို လူကေရာ ကေလး ထိန်းတတ်လို့လား
လုဇွီနဲ့ လင်းလင်:.
သူတို့ အခုနေများ ထတိုက်ကြတော့မှာလား။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ကြောက်ဖို့ ကောင်းမနေဘူးလား။ ကံကောင်းတာက ထိုနှစ်ယောက်က အခြေအနေကို နားလည်နေဟန်ဖြင့် လူခွဲလိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက် မကြည့်ကြတော့ပေ။
ယင်ယင်က လူစိမ်းတွေကို တစ်ချက်ကြည့်ကာ ကျောပိုးအိတ်လေးကို ပိုက်သည်။ ထို့နောက် လင်းလင်အနား ပြေးကပ်၏။
ဒါက လုဇြီကို နာကျင်စေသည်။ အခု လိင်ခွဲခြား ဆက်ဆံခံလိုက်ရတာလား။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now