အခန်း230

200 25 1
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၀ သွေးတောင် ထွက်သွားပြီလား မသိဘူး

နန်ုကုန်းကျင်းက လုဇြီရဲ့ တုန့်ဆိုင်းနေတဲ့ အကြည့်နဲ့ စကားကို ကြားတဲ့အခါ ပျော်သွားလေသည်။ သို့ရာတွင် ညင်သာတဲ့ အမူအယာလေးနဲ့ ခေါင်းငြိမ့်ပြလိုက်၏။

ဆရာမက ညင်သာမှာပါ

သူတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ကျေနပ်စွာ ကြည့်လိုက်ကြသည်။ နှစ်ဘက်လုံးက ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေကြသည်။

လုဇြီက ဧည့်ခန်းကို တစ်ချက်ကြည်ကာမေးသည်။
ဆရာမ ပုံရိပ်ယောင် ခန်းမက ဘယ်မှာလဲ

နန်ကုန်းကျင်းက နောက်ဆုံးကျန်တဲ့ ပုလင်းထဲက ဝိုင်ကို သောက်လိုက်သည်။ ထို့နောက် ထောင့်ဘက်သို့ပစ်လိုက်၏။ ပုလင်းကို လေထုက ဖမ်းဆွဲကာ ထောင့်ဘက်ရှိ ပုလင်းပုံထဲ စီစီရီ၇ီ ကျစေသည်။ လှုပ်ပင် မလှုပ်စေခဲ့ပေ။ လုဇြီ လှမ်းကြည့်လိုက်တော့ နှစ်တန်းစီထားတဲ့ ပုလင်း ခြောက်လုံးကို တွေ့ရသည်။

ခဏလေးနဲ့ ခြောက်လုံးတောင် သောက်လိုက်တာလား။ ဒီအမူးသမား ရေရော သောက်သေးရဲ့လား။ ဒီအမူးသမားကိုယ်ထဲက အရက်တွေ ဘယ်နေရာ ရောက်သွားကုန်လဲ။

နန်ကုန်းကျင်းက ထရပ်လာသည်။
ထ  ငါ ဒီနေရာကို ရှင်းလိုက်မယ်

လုဇွီလည်း ဆိုဖာပေါ်က ထကာ ဘေးသို့ဖယ်ပေးသည်။နန်ကုန်းကျင်းက ဆိုဖာကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းသည်။ ထို့နောက် ပုံရိပ်ယောင် စက်နှစ်ခုကို ထုတ်လိုက်သည်။ မည်းနက်နေသည့် စက်နှစ်ခုကို ဘေးချင်းကပ်ထားထားတာကို ကြည့်ကာ လုဇြီ မျက်နှာက တည်သွားသည်။ သူက မျက်နှာနီရဲနေတဲ့ အမူးသမားကို ဆြံ့အစြာ ကြည့်လိုက်မိတော့သည်။

ဒါ သေချာပေါက် ကြိုတင် ကြံစည်ထားတာပဲ။ ကံကောင်းလို့ပေါ့ သူက စွမ်းအားကြီးလာလို့ ။ တကယ် ကံကောင်းလို့ပဲ။

ထို့နောက် သူတို့က စက်တွေနဲ့ ဆက်သွယ်လိုက်ကြသည်။ နှစ်ယောက်လုံး ပုံရိပ်ယောင် စင်မြင့်ပေါ်  ပေါ်လာ၏။ နန်ကုန်းကျင်းက အနက်ရောင် ကိုယ်ကျပ်၀တ်စုံကို ၀တ်လို့ထားသည်။ သူမရဲ့ သေးသွယ်ကာ ကြည့်ကောင်းတဲ့ ခန္ဓာကို ပေါ်လွင်နေစေ၏။ သူမရဲ့ လွပတဲ့ အနက်ရောင်ဆံပင်တို့က ခါးပေါ် စင်းကျနေကာ ချစ်စဖွယ် မျက်နှာကို သိသာစေသည်။ သူမက ကြာပန်းနက်လိုမျိုး ဆွဲဆောင်မှုရှိသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now