အခန်း248

166 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၈ ရွိုးပြဲရဲ့ ကြယ်ပွင့်

ထိုသို့ဖြင့် လုဇြီက အဆင့်တွေကို လျှင်မြန်စွာ ကျော်ဖြတ်သွားနေခဲ့ပေသည်။ အဆင့် သုံး၊ အဆင့်လေး။ အဆင့်တိုင်းတွင် ရန္သူက ပိုပို သန္မာလာခဲ့သလို အကယ္ဒမီ အမှတ်တွေကလည်း ၅မွတ္ဆီ တိုးတက်လာခဲ့ပေသည်။ သိပ်မကြာခင် အချိန်တွင်ပင် လုဇြီ အဆင့်၁၁ကို ရောက်လာသည်။

မြင်ကွင်းကတော့ အပူပိုင်း အပျက်အဆီး နယ်မြေဖြစ်နေခဲ့ကာ လေထု အပူချိန်က ၅၀ဒီဂရီ ဆဲစီးရပ် ဖြစ်လာခဲ့ပေသည်။ ထိုနေရာတွင် မီးတောင်တွေကိုလည်း မြင်နေရကာ အချိန်တိုင်း ပေါက်ထွက်နေခဲ့သည်ကို တွေ့ရပြန်သည်။ မီးတောင်တွေမှ ပြာတွေက လေထဲ ပြန့်လွှင့်နေခဲ့ကာ ကောင်းကင်ကို ဖုံးလွှမ်းထားရင်း ပတ်၀န်းကျင်ကို ေ၀ဝါးလာစေသည်။

သူ့ေ၇့ှတွင် မျိုးနွယ်ခြား တစ်ကောင် ၇ှိနေသည်။ ခန္ဓာကိုယ်ကား ကျောက်သားလို မည်းနက်နေခဲ့ကာ အနီရဲရဲ မီးတောက်တွေက တောက်လောင်နေရင်း ကျောက်သားတွေကို လွှင့်စင်ထုတ်နိုင် နေခဲ့ပေသည်။ ထိုသည်က မြေကမ်ဘာခေတ်ရှိ ကျောက်တုံး လူသား လူစွမ်းကောင်းနဲ့တောင် တူသေးပေသည်။

လုဇြီ သူ့ပြိုင်ဘက်ရဲ့ အချက်အလက်တွေကို ဖတ်ကြည့်လိုက်သည်။ ထို ကျောက်တုံးလူသားကို ကာကာမျိုးစိတ်ကဟု ဆိုထားကာ ဘာကြောင့် ထိုကဲ့သို့ ခ်စ္စရာ နာမည်ကို ဘယ်လိုပေးခဲ့မှန်း နားမလည်နိုင်ပေ။ သူတို့ရဲ့ မျိုးစိတ်ကိုက ခ်စ္စရာ နာမည်ကို နှစ်သက်တာမျိုးလည်း ဖြစ်နေနိုင်တာပဲ။ ဒါမှမဟုတ် သူတို့မျိုးနွယ်က နာမည် မေပးတတ္တာ ဖြစ်နိုင်တယ်။

ဒီကာကာ ကျောက်တုံး လူသားရဲ့ ခွန်အားက နက်နဲသိုင်းစစ်သည် အဆင့်တစ် ဖြစ်သည်။ ထိုကျောက်တုံး လူသားက အရွယ်ရောက်သေးပုံ မရေပ။

ဝေါင်း

ကျောက်တုံး လူသားက ပါးစပ်ဟကာ လုဇြီကို ကြည့်ရင်း ဟိန်းဟောက်သည်။ ထို့နောက် သူ့ဆီ ပြေးလာတော့၏။ သူက ညာလက္သီးကို မြှောက်ကာ အနက်ရောင် ဝိဉာဉ် အလင်းတွေနဲ့ တဖျက်ဖျက် လက်စေရင်း လုဇြီရဲ့ ခေါင်းကို ထိုးမည်ပြင်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now