အခန်း240

175 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၀ ဒါက သူ စီစဉ်ထားတဲ့ အနာဂတ် မဟုတ်ဘူးလေ

စီနီယာအကိုက လုဇြီ နာမည်ကို ခေါ်ပြီးတာနဲ့ သူ့ကို နည်းနည်းကြာကြာ စိုက်ကြည့်လာခဲ့သည်။ လူတိုင်းကတော့စစ်ပွဲက သတင်းတွေကို အာရုံစိုက်နေလိမ့်မည် မဟုတ်ပေ။ သို့သော် ဗဟိုအစိုးရ တက္ကသိုလ်က ကျောင်းသား တစ်ယောက် အနေနဲ့ သူကေတာ့ ဂရုစိုက်ရပေသည်။ ဒါ့အပြင် လုဇြီရဲ့ တိုက္ပြဲ နယ်မြေက ဗီဒီယို ကလစ်တွေကလည်း ဆိုရှယ်မီဒီယာတွေတွင် ကျော်ကြားနေသည် မဟုတ္လား။ သူ့ရဲ့ ကျော်ကြားမှုကလည်း မနိမ့်ကျပေ။

များစွာသော သူတွေက လုဇြီက လူသစ်တွေထဲတွင် အသန္မာဆုံး ဆိုသည်ကို လက်ခံ ထားကြပေသည်။ လုဇွီရဲ့ကျော်ကြားမှုက ဗဟိုအစိုးရ တစ္ခုလုံး နီးပါး ပြန့်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူကလည်း ထိုဂျူနီယာရဲ့ အံ့သြဖွယ် အလားအလာကို သိချင်ခဲ့ရပေသည်။ သူက လုဇြီကို ပြုံးပြလိုက်သည်။

ဂျူနီယာ လုဇြီ မင်း အရင်ရွေးပါ

လုဇွီလည်း ပြန် ပြုံးပြရင်း ခေါင်းငြိမ့်လိုက်သည်။ထို့နောက် သူက ပတ်၀န်းကျင်နဲ့ အဆောင်ကို သေချာ လေ့လာကြည့်သည်။

သည်နေရာရဲ့ ပတ်၀န်းကျင်က အတော် လှတာတော့ သူ ၀န်ခံရမည်။ဒါက ပထမနှစ်တွေအတွက် နယ်မြေ ဖြစ်ပေမယ့် ကီလိုမီတာ ၁၀ကျော် ကျယ်ပေသည်။ အပင်တွေ၊ ချုံပုတ်တွေနဲ့ ရေကန်လေးတောင် ရှိနေသေးသည်ပေ။ ထိုနယ်မြေ တစ်ခုလုံးတွင် အဆောက်အဦးပေါင်း ၅၀ကျော်ရှိပေသည်။

လုဇြီက ေ၇ကန်နားက တစ္ခုကို ရွေးလိုက်သည်။ ဒါ့အပြင် ဝါးတောလေးနဲ့လည်း နီးသေး၏။ထို့နောက် လင်းလင် ရွေးရမယ့် အလှည့်ဖြစ်သည်။ သူမက လုဇြီရဲ့ ဘေးကို ရွေးသည်။ သူတို့ကြား ၁၀မီတာကျော်သာ ဝေးသည်။ ထို့နောက် ယဲ့မူတို့တွေလည်း ရွေးရသည်။ သူတို့တွေက တစ်ဖွဲ့ထဲ ဖြစ်လို့ ကပ္လ်က္သာ ရွေးကြပေသည်။

စီနီယာအကိုက အားလုံးကို သေချာ မွတ္ထားကာ သူတို့ကို အိမ်ကတ်လေးတွေ ထုတ်ပေးသည်။

အထဲက ပစ္စည်းတွေက အသစ်တွေချည်းပဲ။ ဒါပေမယ့် မင်းတို့ မကြိုက်ရင်တော့ ဆည်းဆာချိန် ၀က်ဆိုက်ကနေ ၀ယ်လို့ ရတယ်။ အကယ္ဒမီ အမှတ်နဲ့တော့ ပေးချေရလိမ့်မယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now