အခန်း308

109 22 0
                                    

အပိုင်း ၃၀၈ တစ်ယောက်တည်းသာလျှင်

လုဇွီသည်  အိပ်ပျော်နေသည့် မီးခိုးရောင်ဖွတ်အား ကြည့်လိုက်သည်။ ထို့နောက် သူ၏ မ်က္လုံးတို့မွ ခရမ်းရောင်အလင်းတွေ လက္လာခဲ့ကာ လေနှင့်လျှပ်စီးတောင်ပံအား တဖျပ်ဖျပ် ခတ်စေလိုက်တော့သည်။

လက်ရှိတွင် သူ၏ လေနှင့်လျှပ်စီးတောင်ပံ၏ အမြန်နှုန်းသည် အလွန်အမင်း လျင်မြန်နေခဲ့ပြီ ဖြစ်သည်။ သေမျိုးဆင့်ကဲ ပြောင်းလဲခြင်း အဆင့်တစ်မှ သူတို့ထက်ပင် နိမ့်ကျခြင်း မရှိတော့ချေ။

လုဇွီသည် ထိုမီးခိုးရောင်ဖွတ်၏ ခေါင်းအထက်တွင် ပေါ်လာခဲ့ကာ အနက်ရောင် အလင်းတွေအား လက္သီးထံ ဖြည့်ပြီး ထိုးထည့်လိုက်တော့၏။
ကြယ်လက်သီးသိုင်း

တိုက်ခိုက်ခံရသည့် ခံစားချက်အား ရလိုက်၍လားမသိ မီးခိုးရောင် ဖွတ်ကြီးသည် မျက်လုံးတွေ ဖွင့်လာခဲ့သည်။ သူ၏ မျက်ဝန်းထဲ မီးခိုးရောင် ဝိဉာဉ်စွမ်းအင်တွေ လက္လာခဲ့ကာ ထူထဲလှသည့် မီးခိုးရောင်အကာအကွယ်လွှာတစ်ခုဟာ ဖြစ်တည်လာခဲ့လေသည်။

ထို အကာအကွယ်လွှာသည် လုဇြီ၏ ကြယ်လက်သီးသိုင်းအား ချက်ချင်းပင် တားဆီးလိုက်ခဲ့၏။

ခြိမ်း။

လက်သီးနှင့် အကာအကွယ်လွှာတို့ ထိပ်တိုက်ဆုံသွားသည့်အခါ ပတ်ဝန်းကျင် မြက်ပင်တို့ အားလုံး အပိုင်းအပိုင်းအစစအဖြစ် စုတ်ဖြဲခံရသည်။ ထိုတစ္ခဏ အချိန်တွင် အကာအကွယ်လွှာဟာ အက္ကြဲ ပေါက်ထွက်သည်။ လက္သီး၏ စွမ်းအားသည် အားလျော့သွားသော်လည်း ဖွတ်၏ ခေါင်းသို့ ထိမှန်သွားခဲ့သေးသည်။

ခြိမ်း။

ဖွတ်၏ ခေါင်းကြီးသည် မြေပြင်သို့ ချိုင့်ဝင်သွားခဲ့သည်။ ကြီးမားလှသည့် ဒဏ်ရာကြီးဟာ သွေးတွေနဲ့ စိုရဲနေ၏။ ထိုသည်က မီးခိုးရောင်ဖွတ်သာ ဖြစ်သည်။  လက္သီး တစ်ချက်လောက်နှင့် သေဆုံးသွားလိမ့်မည် မဟုတ်ပေ။

သူ့တွင် ပြန်လည် ကုစားခြင်း နတ်စွမ်းအင်ရှိသည့်အပြင် သူ၏ ခန္ဓာကိုယ်သည်လည်း အားမနည်းပေ။ လုဇြီ၏ စွမ်းအား အပြည့်ပါသည့် လက်သီးသည် သူ့အား ဒဏ်ရာ ပြင်းပြင်းထန်ထန်သာ ရစေနိုင်ပေ၏။ သို့ရာတွင် လုဇွီသည်လည်း နုံအသည့် အမဲလိုက်သမားလေး မဟုတ်တော့ချေ။သဘာဝကျကျပင် သူသည် ထိုခေါင်းဆောင်အား ပြန်လည် သက်သာနိုင်မည့် အချိန် ပေးလိမ့်မည်မဟုတ်ချေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now